ရန်ကုန်မြို့တော်တွင်
ရေချိုငါးပိနှင့် ပတ်သက်သော ပြဿနာများ ထပ်မံပေါ်ပေါက်ပါက မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊
ငံပြာရည် လုပ်ငန်းရှင်များ အသင်းက တာဝန်ယူဖြေရှင်းပေးမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၃ရက်နေ့က
ပန်ဒါဟိုတယ်တွင် ပြုလုပ်သော ပြည်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိ
ဈေးကွက်ပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ အဆိုပါအသင်း ဒုတိယဥက္ကဌ ဦးခင်လတ်က ပြောကြားသည်ဟု
သိရသည်။
လက်ရှိ အချိန်တွင်
ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင် နှစ်ရာနီးပါးရှိပြီး
အသင်းဝင်တိုင်း၏ စားသောက်ကုန် အရည်အသွေးကို အသင်းက တာဝန်ယူ စစ်ဆေးပေးထားကြောင်း ၎င်းက
ထပ်လောင်း ပြောကြားသည်။ ရေကျိုငါးပိတွင် ယူရီးယား တွေ့သည်ဟု ဆိုသော စားသုံးသူ ကာကွယ်ရေး
အသင်း၏ ထုတ်ပြန်ချက်ကြောင့် ငါးပိဈေးကွက်ရောင်းအား နှစ်ဆနီးပါး လျော့ကျခဲ့ရာက စားသုံးသူများ
အတွက် လုံခြုံ စိတ်ချမှုရှိသော ၊ သန့်ရှင်းသော ငါးပိဈေးကွက်ပေါ်ပေါက်ရန် အောက်တိုဘာ
၁၃ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲ၌ ငါးပိလုပ်ငန်းရှင်များ၊ စားသုံးသူကာကွယ်ရေးအသင်း၊
ဓါတုဗေဒပညာရှင်များနှင့် စားသုံးသူများ စုစည်းကာ ပထမဆုံး အဖြေရှာခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့က
အခုဆို အချိုမှုန့်ရော၊ ကြက်သားမှုန့်ကိုပါ ရှောင်ထားကြတယ်။ အဓိက ငါးပိ၊ ငံပြာရည်တို့ကိုပဲ
အားကိုးပြီး သုံးနေရတာပါ။ ဒါကို ရောင်းတဲ့ လုပ်ငန်းရှင်တွေက တာဝန်ယူပေးနိုင်ရင်ကောင်းမယ်”ဟု
စားသုံးသူ တစ်ဦးက ဆိုသည်။
သို့ဖြစ်၍ စားသုံးသူကာကွယ်ရေး
အသင်းက စားသုံးသူများ၏ အခွင့်အရေးနှင့် အန္တရာယ်ဖြစ်စေမည့် အရာများကို အခါအခွင့်သင့်တိုင်း
ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အဆိုပါအသင်း၏ အတွင်ရေးမှူး ဒေါက်တာရီလွင်ကျော်က ပြောကြားသည်။
မြန်မာနိုင်ငံ ငါးပိ၊
ငါးခြောက်၊ ငံပြာရည်လုပ်ငန်းရှင်များအသင်းကို ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင်
တည်ထောင်ထားပြီး အကျယ်အဝန်းအားဖြင့် မြေဧက ၉၀၀ကျော်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးဘက်က
ရရှိသော ငါးများကို ငါးပိအဖြစ် အဆင့်ဆင့် ပြုလုပ်ကာ တစ်နိုင်ငံလုံးကို ဖြန့်ဖြူး ရောင်းချနေကြောင်း
သိရသည်။
Ref-Myanmar iCT
Post a Comment