မြန်မာ့လေကြောင်းနဲ့ ဒိန်းမတ်အခြေစိုက် World Ticket ကုမ္ပဏီ ပူးပေါင်းပြီး
ရန်ကုန်- ညောင်ဦး၊ မန္တလေးနဲ့ ဟဲဟိုးခရီးစဉ်ကို ဈေးနှုန်းလျော့
ပြေးဆွဲမယ်လို့ လက်မှတ်အရောင်း အေးဂျင် တာဝန်ယူထားတဲ့
ဧရာဝတီခရီးသွားလုပ်ငန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိ
အဲပုဂံက ရန်ကုန်- ဟဲဟိုး ခရီးစဉ်တကြောင်း မြန်မာနိုင်ငံသား ကျပ် ၅ သောင်း ၈
ထောင်၊ နိုင်ငံခြားသား အမေရိကန်ဒေါ်လာ ၉၀ ပြေးဆွဲနေတဲ့ ခရီးစဉ်ကို
မြန်မာ့လေကြောင်းနဲ့ ဒိန်းမတ်ကုမ္ပဏီက အောက်တိုဘာလကုန်အထိ အထူးနှုန်း
မြန်မာနိုင်ငံသား ကျပ် ၃ သောင်း ၃ ထောင်၊ နိုင်ငံခြားသား ၅၅ ဒေါ်လာနဲ့
ပြေးဆွဲမယ် ဖြစ်ပါတယ်။
အခြား အထူးခရီးစဉ်တွေအဖြစ် ရန်ကုန် – မန္တလေး ၃
သောင်း ၅ ထောင် ကျပ်၊ ရန်ကုန်- ညောင်ဦး ၃ သောင်း ၃ ထောင် ကျပ်ဖြစ်ပြီး
နိုင်ငံခြားသားတွေကတော့ ရန်ကုန်- မန္တလေး ၅၉ ဒေါ်လာ၊ ရန်ကုန်- ညောင်ဦး ၅၅
ဒေါ်လာ သတ်မှတ်ထားပါတယ်။ အထူးလျော့ဈေးကာလ
ကုန်ဆုံးသွားရင် သတ်မှတ်မယ့် နှုန်းထားကိုတော့ ကြေငြာခြင်း မရှိသေးပါဘူး။
လက်ရှိ
ရန်ကုန်ကို အခြေပြုပြီး ပြည်တွင်းလေကြောင်းလိုင်း ပြေးဆွဲမှု တိုးချဲ့တာကို
ခွင့်မပြုတဲ့အတွက် ဒိန်းမတ်ကုမ္ပဏီဟာ မြန်မာ့လေကြောင်းနဲ့ ပူးပေါင်း
လုပ်ကိုင်တာ ဖြစ်နိုင်ကြောင်း အဲဒီ ခရီးသွားလုပ်ငန်း တာဝန်ရှိသူက
ပြောပါတယ်။
by ဒီဗွီဘီ
Subscribe to:
Post Comments (Atom)
Post a Comment