အဖေဖြစ်သူက အိမ်ခြံမြေပွဲစားလုပ်တယ်။ အရွယ်ရောက်နေပြီ ဖြစ်တဲ့ သား ဂျော့ဖလစ် ဟာ အဖေက ဘယ်လိုပဲ
သင်သင် မလုပ်တတ်မကိုင် တတ် ဖြစ်နေဆဲ ဖြစ်ပါတယ်။
မလုပ်တတ်တဲ့အပြင် အလုပ်ကိုလည်း စိတ်မဝင်စားတော့ အဖေဖြစ်သူရဲ့ 
စီးပွားရေးမှာပါ အခက်အခဲတွေ ဖြစ်လာပါတယ်။ ဘယ်လောက်ပဲ အခက်ကြုံပါစေ ဂျော့
တစ်ယောက် လုပ်တတ်ကိုင်တတ်ဖို့အတွက် လူရည်လည် အောင် သွားလေရာခေါ်ပါတယ်။
သို့သော် နောက်ဆုံး အဖေဖြစ်သူရဲ့  လုပ်ငန်းတစ်ခုမှာ သူ့ကြောင့်
ပျက်ဆီးသွားတဲ့အတွက် အိမ်ပေါ်ကနေ နှင်ချလိုက်ပါတယ်။
ဂျော့ဖလစ် ဝမ်းနည်သွားပါတယ်။ မိဘ အစွန့်ပစ်ခံရပြီး မလုပ်တတ်မကိုင် တတ်
ဖြစ်တဲ့ဘဝမှာ တစ်ယောက်တည်း ရပ်တည်ဖို့ မလွယ်တာ သူနားလည်သွားပါတယ်။ မိဘတွေ
တကယ်စွန့်ပစ်မယ်လို့လည်း မထင်ခဲ့ဘူးလေ။ ဒါကြောင့် အဖေ့နောက် တစ်ကောက်ကောက်
လိုက်တုန်းက ဆက်မိတဲ့ ပွဲစားတွေ၊ အိမ်၊ခြံ၊မြေ ပိုင်ရှင်တွေဆီ သွားပြီး
သူ့ကိုယ်တိုင် ပွဲစားလုပ်ရောင်းထွက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။
မကြာပါဘူး။ ၃ နှစ်အတွင်း အကျိုးဆောင် ကုမ္မဏီကြီး တစ်ခု
ထောင်နိုင်သွားပါတယ်။ သို့တည်တိုင် မိဘကိုပြန်ခေါ်ဖို့ စိတ်ကူး
မရှိသေးပါဘူး။
သူ အလုပ်ကြိုးစားခဲ့တဲ့ ၃ နှစ်လုံးလုံး အမည်မသိတဲ့ ဖုန်းနံပါတ် တစ်လုံးက
တစ်ပတ် တစ်ကြိမ်နှုန်းလောက် ခေါ်ပြီး နှောင့် ယှက်တတ်ပါတယ်။
အလုပ်ကိစ္စလာနှောင့်ယှက်မှာ စိုးရိမ်တော့ ဟိုဘက်က ဘာအသံမှ မကြားလည်း
ဆူဆဲပြီး ဖုန်းချပစ်တာ ယနေ့ထိတိုင်ပါပဲ။
-------------
-------------
------------
လမ်းဘေးဖုန်းဆိုင် တစ်နေရာတွင် --
------
အဖွားအို - ရှင်ကလည်းတော်..။ အပတ်တိုင်း ရှင့်သား အဆဲခံနေရတာ မဝသေးဘူးလား။
အဖိုးအို - င့ါသား ကျန်းမာရေးကောင်းတယ်ကွ. ဟားဟား။ ခုထိ
ဆဲနေနိုင်တုန်းပဲ အလုပ်လဲ အဆင်ပြေနေတယ်။ အရင်လို မဟုတ်တာ့ဘူး။
(မျက်ရည်စို့ကာ ပြုံးလျက်)
အဖွားအို - ဒါနဲ့များ အိမ်ပြန်ခေါ်လိုက်ပါတော့လား ရှင်ရယ်..
အဖိုးအို - တစ်ခုလိုချင် တစ်ခုတော့ ပေးဆပ်ရမှာပဲလေ.။ ခုလို ပစ်ထားလိုက်တော့ သူလုပ်တတ်ကိုင်တတ်သွားပြီ။
စကားပြောဆိုပြီး မိုးရေထဲမှာ ထီးလေးဆောင်းပြီး တစ်ရွေ့ ရွေ့ ပျောက်ကွယ်သွားပါတော့တယ်။
သားဖြစ်သူ ဂျော့ဖလစ်မိဘဆီပြန်လာမယ့်အချိန်ကို စောင့်ဆိုင်းရင်း….
--------
-------
--------
---------
သင်ခန်းစာ - မိဘကို အထင်မလွဲပါနှင့်။ အပြစ်မတင်ပါနှင့်။ ကောင်းစေလို၍
ဖန်တီးပေးသည့် အရာများက ဆိုးနေတတ်သော်လည်း တစ်ခါတစ်ရံမိမိ ဘဝ အတွက်
အကောင်းဆုံး ဖြစ်သွားတတ်သည်။
---
.
အောင်ခမ်း (ရိုးရာလေး)
Subscribe to:
Post Comments (Atom)

Post a Comment