0
Angela ကို Apple ရဲ့  Head of retail and online stores ရာထူးနဲ့ ခန့်အပ်ခြင်းပါ။ Executive အဆင့်ရှိတဲ့ ရာထူးပေးထားပြီး Senior Vice President တစ်ယောက်ပါပဲ။
အသက် ၅၃ နှစ်ရှိပြီ ဖြစ်တဲ့ Angela Ahredts ဟာ ယခင်က Burberry လို့အမည်ရတဲ့ ဗြိတိန်က ကမ္ဘာကျော် ဖက်ရှင်ပစ္စည်းဆိုင်က စီအီးအို တစ်ဦး ဖြစ်ပါတယ။် Burberry မှာ လုပ်ကိုင်စဉ် သူမဟာ ဗြိတိန်မှာ လစာ အများဆုံး ရရှိတဲ့ စီအီးအိုတစ်ဦး ဖြစ်ခဲ့ပြီး တစ်နှစ်စာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၆.၃သန်း ရှိခဲ့ ပါတယ်။ အဲ့ဒီ မတိုင်ခင်က Liz Claiborne Inc., မှာ အမှူဆောင်ဒုတိယ ဥက္ကဌ ရာထူး နဲ့လုပ်ကိုင်ခဲ့ပြီး စီးပွားရေးလောကမှာ အင်မတန် သက်တမ်းကြာမြင့်လာသူ ဖြစ်ပါတယ်။ အမေရိကန်က Ball State University မှာ ကုန်သွယ်ရေးနဲ့ ဈေးကွက်ချဲ့ ထွင်ရေး မေဂျာမှာ ဘွဲ့ရခဲ့ပြီး Honorary Doctor of Humane Letter degree ရရှိထားသူ ဖြစ်ပါတယ်။

သူမမှာ ဆန်းသစ်တဲ့ အတွေးအခေါ် အယူအဆများစွာ ရှိပြီး Apple အတွက်လည်း အင်မတန် အရေးပါမယ့် သူတစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း Tim Cook က ပြောဆိုခဲ့ ပါတယ်။ လက်ရှိ Apple ရဲ့  Online Store ဟာ user ပေါင်း သန်း ရာကျော်ကို ဝန်ဆောင်မှု ပေးနေရပြီး အင်မတန် inquiry များတဲ့ ဆိုဒ် ဖြစ်ပါတယ်။ အဲဒီလိုဆိုဒ်ကို ထိန်းသိမ်းဖို့အတွက် ၊ဦးဆောင်ဖို့အတွက်၊ Feature အသစ်တွေ ထည့်သွင်း ဖို့အတွက် Angela Ahrendts က အကြံဥာဏ်ပေးခဲ့ပါတယ်။ ယင်းအကြံဥာဏ်ကို သဘောကျပြီး Apple ဟာ သူ့ကို Head of Retail and Online store အဖြစ်ခန့်အပ်ခဲ့ပြီး Apple ရဲ့  ပထမဆုံးဆုံး Executive အဆင့်ဝင် အမျိုးသမီး ဝန်ထန်းတစ်ဦး ဖြစ်လာကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )

Post a Comment

 
Top