အိုဘားမားက ထုတ်မပြောပေမယ့် တောင်ကိုရီးယား အစိုးရတို့ကိုယ်တိုင်
ထုတ်ပြောလာတဲ့ စကား ဖြစ်ပါတယ်။ ယင်း စကားကတော့ အမေရိကန် သမ္မတ အိုဘားမားဟာ
Apple-Samsung မူပိုင်ခွင့် တိုက်ပွဲ မှာ ပြည်တွင်းဖြစ် Apple ဘက် သိသိသာသာ
တိမ်းစောင်း ပါဝင်နေတယ် ဆိုခြင်း ဖြစ်ပါတယ်။
အိမ်ဖြူတော်မှ ဖွဲ့စည်းပေးထားတဲ့ အမေရိကန် အခြေဆိုက် နိုင်ငံတကာ
ကူးသန်းရောင်းဝယ်ရေး ကော်မရှင် အဖွဲ့ဟာ Samsung နဲ့ Apple မူပိုင်ခွင့်
တိုက်ပွဲမှာ ဝင်ရောက် ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့  ပါဝင်မှုကတော့ အရေးယူ
ပိတ်ဆို့မှုပါ။ တရားရုံးဆုံးဖြတ်ချက် ကျပြီးနောက် Samsung ရဲ့ 
ထုတ်ကုန်ပစ္စည်း အချို့ ကို အမေရိကန်မှာ ရောင်းချခွင့် ပိတ်ပင်ခဲ့ပါတယ်။
သို့ပေမယ့် မော်ဒယ်နိမ့် စမတ်ဖုန်းနဲ့ Product တွေပါ။ သို့ပေမယ့် WTC ရဲ့ 
ချမှတ်ပေးတဲ့ ဥပဒေ အသစ်ကြောင့် Samsung ထုတ်ကုန်များ အမေရိကန်ကို အလွယ်တကူ
ဝင်ရောက်လို့ မရတော့ပါဘူး။ ကုန်ပစ္စည်း လိုင်စင် ရယူမှုကအစ Apple
လက်အောက်ကို ရောက်သွားမှုကြောင့် ဒါဟာ မတရားတဲ့ နည်းဥပဒေလို ကုမ္မဏီက
ဆိုပါတယ်။ လက်အောက်ရောက် တယ် ဆိုတာ ဒီလိုပါ။ အမေရိကန် မှာ Samsung
ကုန်ပစ္စည်းတွေကို မူပိုင်ခွင့်တင်ဖို့အတွက် ပထမဆုံး အနေနဲ့ Apple က
ချမှတ်ရေးဆွဲ ထားတဲ့ Terms and Condition ကို အရင်ကျော်ဖြတ်ရအုံးမှာပါ။
ဒါဟာ ကုန်ပစ္စည်းချင်းအတူတူ နာမ်နှိမ်လိုက်တဲ့ သဘော သက်ရောက် ပါတယ်။
ဒါတွေအားလုံးကို အမေရိကန် သမ္မတ အိုဘားမား လက်ပိုက်ကြည့်နေခဲ့ ပါတယ်။
လက်ပိုက်ကြည့်နေတာထပ် WTC ကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားခြင်း
ဖြစ်ပါတယ်။ ဒါကြောင့် Samsung ကုမ္မဏီတင်မကတော့ပဲ တောင်ကိုရီးယား
အစိုးရအဖွဲ့ကိုယ်တိုင် အမေရိကန် သမ္မတ အိုဘားမားဟာ ပြည်တွင်းဖြစ် Apple
ကုန်ပစ္စည်းအပေါ် သိသိသာသာ တိမ်းညွတ်အလေးပေး နေတယ်တယ်လို့ တရားဝင်
ပြောဆိုခဲ့ကြောင်း သိရပါတယ်။
.
Ref:mashable
အောင်ခမ်း (ရိုးရာလေး)
Subscribe to:
Post Comments (Atom)

Post a Comment