0
စက်တင်ဘာလက iPhone ထုတ်ကုန်သစ်ကို မိတ်ဆက်ပေးခဲ့သည့် Apple သည် အောက်တိုဘာလ ၂၂ ရက်တွင် နောက်ထပ် မိတ်ဆက်ပွဲတစ်ခုကို ကျင်းပရန် စီစဉ်နေပြီး အဆိုပါပွဲတွင် iPad ထုတ်ကုန်သစ်များကို မိတ်ဆက်ပေးမည်ဟု မျှော်လင့်ရကြောင်း All Things D က ဖော်ပြခဲ့သည်။


အဆိုပါ မိတ်ဆက်ပွဲတွင် Nexs 7, Kindle Fire HDX ကဲ့သို့သော ဈေးနှုန်းသက်သာသည့် tablet များနှင့် ယှဉ်ပြိုင်နိုင်မည့် Retina display နှင့် A7 chip ပါဝင်သော iPad Mini အပြင် iPhone 5S ကဲ့သို့ fingerprint reader ပါဝင်သော ပါးလွှာ ပေါ့ပါးသည့် iPad ထုတ်ကုန်သစ်ကို မိတ်ဆက်ပေးဖွယ်ရှိကြောင်း သိရသည်။

Ref: NBCNews

Internet Journal

Post a Comment

 
Top