Samsung ကထုတ်တာ မဟုတ်ပါဘူး။ Droid Life အမည်ရ ကမ္မဏီက ထုတ်တာပါ။ Samsung
တင်မကပဲ Nokia, LG, Asusu တို့အတွက်ပါ ထုတ်လုပ်ဖို့ လိုင်စင်ရသွားတဲ့
ကုမ္မဏီ ဖြစ်ပါတယ်။
တန်ဖိုးက ဒေါ်လာ ၉၀ ပါ။ သို့ပေမယ့် မြန်မာပြည်ရောက်ရင် ၁
သိန်းဝန်းကျင်လည်း ပေါက်သွားနိုင်ပါတယ်။ Charging Pad နဲ့ ဖုန်းကာဗာ
ဆိုပြီး ခွဲရောင်းတာပါ။ Phone Charging Cover က ဒေါ်လာ ၄၀ ရှိပြီး
Charging Pad က ဒေါ်လာ ၅၀ ရှိပါတယ်။ ဒီတော့ စုစုပေါင်း ဒေါ်လာ ၉၀
ဖြစ်ပါတယ်။
ခွဲဝယ်လို့လည်း မရလေက်ပါဘူး။ ကာဗာတပ်မှ အားသွင်းသမျှဝင်မှာ ဖြစ်ပါတယ်။ သူက
ကြားခံအနေနဲ့ အလုပ်လုပ်ပေးပြီး ကြိုးမဲ့ လျှပ်စစ်လမ်း ကြောင်းကို
ဖုန်းအတွင်းက ဘက်ထရီထဲ ရောက်အောင် ပို့ပေးမယ့် ပစ္စည်း ဖြစ်ပါတယ်။ နည်းပညာ
တိုးတက်မှုကတော့ အံ့မခန်းပါပဲ။ ကာဗာလည်း အသစ်ဝယ်စရာ မလိုတော့
ပါဘူး။ လောလောဆယ်တော့ အဖြူနဲ့ အနက်သာ ထုတ်လုပ်ထားပါသေးတယ်။
နောက်ပိုင်းဆိုရင် ထုတ်သမျှ စမတ်ဖုန်းအားလုံးကို ကြိုးတပ်စရာမလိုပဲ
အားသွင်းလို့ရအောင် ဖန်တီးကြတော့မှာပါ။ Droid Life တို့လို့ Third Party
Porduct ကုမ္မဏီတင် မဟုတ်တော့ပဲ မူရင်း စမတ်ဖုန်း ထုတ်လုပ်တဲ့
ကုမ္မဏီတွေပါ ကြိုးမဲ့ အားသွင်းစနစ် ဖန်တီးကြတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
---
Ref: techblog
Aung Kham (TSJ team)
Subscribe to:
Post Comments (Atom)

Post a Comment