0
နိုင်ငံတော်ဗဟိုဘဏ် ဥပဒေသစ်ကို လာမည့်လွှတ်တော် အစည်းအဝေး မတိုင်မီ နိုင်ငံတော် သမ္မတဦးသိန်းစိန် လက်မှတ်ထိုးတော့မည်ဖြစ်ပြီး ဗဟိုဘဏ်သည် မကြာမီအချိန် အတောအတွင်း သီးခြားလွတ်လပ်စွာ ရပ်တည်တော့မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်စောဦး၏ ပြောကြားချက်ကို ကိုးကားပြီး The Wall Street Journal က သတင်းဖော်ပြထားသည်။
လက်ရှိ ဗဟိုဘဏ်ဥပဒေ နေရာတွင် အစားထိုးမည့် ဗဟိုဘဏ် ဥပဒေသစ်သည် လက်ရှိအစိုးရ လက်ထက်တွင် အချိန်အယူရဆုံး ဥပဒေတစ်ခုဖြစ်ပြီး လွှတ်တော်နှစ်ရပ်နှင့် အစိုးရအဖွဲ့ကြား ပြင်ဆင်ညှိနှိုင်းချက် ၂၀၀ ကျော်ရှိခဲ့သည့် ဥပဒေဖြစ်သည်။ ဥပဒေသစ် အတည်ပြုလက်မှတ် ရေးထိုးပြီးပါက ဗဟိုဘဏ်သည် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။
သတင်းအပြည့်အစုံကိုဒီမှာနှိပ်ဖတ်ပါ

Post a Comment

 
Top