၂၀၁၃ ခုနှစ် ကမ္ဘာ့ခရီးသွားဆုအတွက် မြန်မာနိုင်ငံမှ ဆန်ခါတင် စာရင်းဝင်
ဟိုတယ်အမည် စာရင်းများကို World Travel Awards ၏ တရားဝင်ဝက်ဘ်ဆိုက်တွင်
ထုတ်ပြန်ဖော်ပြ ထားသည်။
World Travel Awards သည် ကမ္ဘာတစ်ဝန်းရှိ ခရီးသွားလုပ်ငန်း နယ်ပယ်မှ
ဟိုတယ်များ၊ ခရီးစဉ် ဒေသများ၊ လေဆိပ်များ၊ ခရီးသွား အေးဂျင့်များ၊
လေကြောင်းလိုင်းများ၊ ကားအငှားဝန်ဆောင်မှု လုပ်ငန်းများ၊ အပျော်စီး
သင်္ဘောများ၊ ဆိပ်ကမ်းများ၊ ခရီးသွား ဆွဲဆောင်မှုများ၊ ခရီးစဉ် ဒေသများ
စသည်တို့ကို ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၏ မဲပေးရွေးချယ်မှုဖြင့်
နှစ်စဉ်ချီးမြှင့်လာသည့် ခရီးသွားလုပ်ငန်းအတွက် အမြင့်ဆုံးဆုတစ်ဆုလည်း
ဖြစ်သည်။
အာရှ၊ ဥရောပ စသည့်ဒေသအလိုက် ဆုများ၊ တစ်နိုင်ငံချင်းစီအလိုက်
ဆုအမျိုးအစားများ ခွဲခြားထားရာတွင် မြန်မာနိုင်ငံမှ မြန်မာထိပ်တန်း
စီးပွားရေး ဟိုတယ်ဆုအတွက် ဟိုတယ်လေးလုံး၊ မြန်မာထိပ်တန်း ဟိုတယ်ဆုအတွက်
ဟိုတယ် ခုနစ်လုံး၊ မြန်မာထိပ်တန်းအပန်းဖြေဟိုတယ်ဆုတွင် ဟိုတယ်ခြောက်လုံး
အသီးသီး ပါဝင်နေသည်။
မြန်မာထိပ်တန်း စီးပွားရေး ဟိုတယ်ဆုအတွက် ဆန်ခါတင် အမည်စာရင်းတွင်
Chatrium၊ Parkroyal၊ Sedona Hotel Yangon၊ Traders ဟိုတယ်တို့ ပါဝင်နေသည်။
ထို့အတူ မြန်မာထိပ်တန်း ဟိုတယ်ဆုအတွက် အမည်စာရင်းတွင် Chatrium နှင့်
Sedona Hotel Yangon တို့ ထပ်မံပါဝင်လာပြီး Hotel by the Red Canal
Mandalay၊ Kandawgyi Palace၊ Mandalay Hill Resort၊ The Governor's
Residence၊ The Strandဟိုတယ်တို့ကိုလည်း ဆန်ခါတင် စာရင်းတွင် ဖော်ပြထားသည်။
မြန်မာထိပ်တန်း အပန်းဖြေဟိုတယ် အမည်စာရင်းတွင်လည်း Hotel by the Red
Canal Mandalay၊ Mandalay Hill Resort၊ The Strand ဟိုတယ်တို့
ထပ်မံပါဝင်ပြီး Inya Lake၊ Myanmar Treasure Beach Resort Ngwe Saung၊
Sedona Hotel Mandalay တို့လည်း ဆန်ခါတင်စာရင်း၌ ပါဝင်နေသည်။
မြန်မာနိုင်ငံ အပါအ၀င် အာရှဒေသအတွက် ဇွန်လအတွင်းမှစ၍ မဲပေးရွေးချယ်ရန်
ခွင့်ပြုလျက်ရှိပြီး နောက်ဆုံးမဲပေးရမည့် နေ့ရက်မှာ ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁
ရက်နေ့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ Chatrium ဟိုတယ်သည် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ
(Nikko Royal Lake Yangon အမည်ဖြင့်) မြန်မာထိပ်တန်း ဟိုတယ်ဆုကို
ရရှိခဲ့ပြီး Sedona Hotel Yangon သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ
မြန်မာထိပ်တန်း ဟိုတယ်ဆုကို ရရှိခဲ့သည်။ Parkroyal Yangon သည်
မြန်မာထိပ်တန်း စီးပွားရေး ဟိုတယ်ဆုကို ၂၀၁၂ ခုနှစ်တွင် ရရှိခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၂ မှစ၍ ဆုအမျိုးအစား တိုးမြှင့်ရွေးချယ်ခြင်း
ခံရပြီး ၂၀၁၃ ခုနှစ်တွင် ဆုအမျိုးအစား သုံးမျိုးအထိ တိုးမြှင့်လာသည်။
Eleven Media Group
Home
»
မြန်မာ့သတင်း
» ၂၀၁၃ ခုနှစ် ကမ္ဘာ့ခရီးသွားဆုအတွက် မြန်မာနိုင်ငံမှ ဆန်ခါတင် ဟိုတယ်အမည်စာရင်း ထုတ်ပြန်
Subscribe to:
Post Comments (Atom)
Post a Comment