0
မင်းသမီးကြီး ဝါဝါဝင်းရွှေ ဆုထူးပန်တာဝါကို Fatherland နဲ့ မဆောက်တော့ဟုဆို

အရင် ဆုထူးပန်ရုပ်ရှင်ရုံ ကို ဝယ်ယူခဲ့တဲ့ အကယ်ဒမီ ဝါဝါဝင်းရွှေက Fatherland ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ဖျက်သိမ်းလိုက်တယ်လို့ ဇွန် ၂၃လမှာ ပြောဆို လိုက်ပါတယ်။
တော်ဝင်ဆုထူးပန်တာဝါအဖြစ် ၁၂ ထပ်ဆောက်လုပ်ဖို့ ၂ဝ၁၂ခုနှစ် ဧပြီလကတည်းက ဒေါ်ဝါဝါဝင်းရွှေနဲ့ Fatherland ကုမ္ပဏီတို့ကြား သဘောတူညီခဲ့ပေမယ့် ၉လကြာတဲ့အထိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှ စတင်တာမရှိသေးတဲ့အပြင် အခြား သဘောတူညီချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ဆိုပါတယ်။


ဆုထူးပန်တာပါကို ၁၂ထပ်အစား ၂၁ထပ်ဆောက်လုပ်ဖို့ နှစ်ဦးနှစ်ဖက် နှုတ်ကတိ ရှိခဲ့ပေမယ့် ကုမ္ပဏီဘက်မှ ဒေါ်ဝါ၀ါဝင်းရွှေကို လူမှုရေးဆိုင်ရာကိစ္စတွေတိုက်ခိုက်လာခဲ့ပြီး ဆက်မဆောက်ဘူးဆိုလျှင်လည်း ဒေါ်ဝါ၀ါဝင်းရွှေပေးထားတဲ့ ကျပ်သိန်း ကိုးထောင်ကို မြေပဲရမယ်လို့ တုန့်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်ဝါ၀ါဝင်းရွှေမှ Fanterland ကုမ္ပဏီက ဒီကိုးထောင်ကို ဆုံးရှုံးခံပြီး မြေကွက်ကိုပြန်လာယူဆိုတဲ့ စကားက အင်မတန် ရင်လေးပါတယ်၊ ကိုယ့်မြေကို ကိုယ် သိန်းကိုးထောင်နဲ့ အလဲခံရမှာ။
နောက်တစ်ခုက ဘာလုပ်ငန်းမှ မလုပ်ပဲနဲ့ ဒီသိန်းကိုးထောင်ကို မတရားလိုချင်သော ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် မိုလို့ ကျွန်မက နံပါတ် (၁) ဒီစာချုပ်ကို ဒီနေ့ကစပြီး ဖျက်သိမ်းကြောင်းကို တရားဝင် ဖျက်သိမ်းကြောင်း ကြေငြာအပ်ပါတယ်။
နံပါတ် (၂) လူမှုရေးအရ ကျွန်မကိုပါ ကျွန်မရဲ့ ဓါတ်ပုံကို မီးရှိ့ပြီးတော့ သူနှစ်ကြိမ်းပါဝင်ခဲ့ကြောင်း ၀န်ခံထားပါတယ်။ အဲဒါကြောင့် ဒီနေ့က စပြီးတော့ လုံးဝလုံးဝ ကျွန်မ ဘာမှ မသက်ဆိုင်တော့တဲ့ အကြောင်း တင်ပြအပ်ပါတယ်ဟု မီဒီယာများ၏ မေးမြန်ချက်အား ဖြေကြားခဲ့ပါတယ်။
အခန်းတွေကို မရောင်းခင် ကြိုပွိုင့် ရောင်းဖိုက သဘောတူညီခဲ့ပြီး၊ Fanterland ကုမ္ပဏီရဲ့ ညံ့ဖျင်းတဲ့ ၀န်ဆောင်မှုကြောင့် ကြိုရောင်းစနစ်ကို တစ်ရက်အတွင်း ဖျက်သိမ်းခဲ့ရကြောင်း။
စည်ပင်ကို စုံစမ်းတဲ့အခါမှာ Fanterland ကုမ္ပဏီဘက်မှ ၂၁ထပ်ဆောက်လုပ်ဖို့ တင်ပြခြင်းမရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။
Fanterland ကုမ္ပဏီအနေနဲ့ ဆုထူးပန်ရုပ်ရှင်ရုံမြေနေရာက (၂၄)နာရီအတွင်း ဖယ်ရှားပေးဖို့ ရှပ်ရှင်မင်းသမီးကြီး ၀ါဝါ၀င်းရွှေက ပြောကြားခဲ့ပြီး အစိုးရသတင်းစာတွေ ကနေ ကြေငြာသွားမယ် လို့ ဆိုပါတယ်။
Fanterland ကုမ္ပဏီကို တရားစွဲဖို့ကိစ္စ ယတိပြတ် ဆုံးဖြတ်ဖို့ မလုပ်ရသေးဘူးလို့ ဆိုပါတယ်။
မနက်ဖြန်သတင်းစာမှာ ပါပါမယ်၊ ဒီလုပ်ငန်းကို မလုပ်တဲ့အတွက် (၂၄)နာရီအတွင်း ဖယ်ရှားပေးဖို့နဲ့ မြေနေရာအား ပြန်ပေးဖို့ ကြေငြာထားကြောင်း။ သတင်းစာတွင် တရားဝင်ပါပြီး ဆောင်ရွက်မှုမရှိပါက ဥပဒေအရ လုပ်သွားမည်ဖြစ်ကြောင်း။
____________________________
ဖေ့ဘုတ် သတင်း အတင်း အဖျင်း ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

ရန်ကုန်၊ ဇွန် ၂၃

ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာတွင် အထပ်မြင့် တိုက် ဆောက်လုပ်ရေးနှင့် ပတ်သက်၍ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း မြေနေရာပိုင်ရှင် ရုပ်ရှင် သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေနှင့် အဆိုပါ အထပ်မြင့်တိုက် ဆောက်လုပ်ရန် တာဝန်ယူထားသော Great Father Land ကုမ္ပဏီတို့ အပြန်အလှန် အငြင်းပွားမှု ဖြစ်ပွားလျက် ရှိကြောင်း နှစ်ဖက်လုံးက အတည်ပြု ပြောကြားသည်။

ဆုထူးပန် ရုပ်ရှင်ရုံ မြေနေရာတွင် ၁၂ ထပ် အမြင့်ရှိသော အဆင့်မြင့် အဆောက်အအုံ ဆောက်လုပ်၍ ပထမထပ်တွင် Shopping Mall ၊ ဒုတိယထပ်တွင် ရုပ်ရှင်ရုံနှင့် တတိယထပ်တွင် စားသောက်ဆိုင်များ၊ ကျန်ကိုးထပ်ကို ဟိုတယ်အဖြစ် ဖွင့်လှစ်ရန် ပါဝင်သော သဘောတူစာချုပ် ချုပ်ဆို ခဲ့ကြောင်း၊ ရန်ကုန်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်တွင် တည်ရှိသော အဆောက်အအုံ ဆောက်လုပ်ရမည့် မြေနေရာသည်
နေရာကောင်း ဖြစ်၍ ၁၂ ထပ်အစား ၂၁ ထပ်တိုက် ဆောက်လုပ်ရန် နှုတ်ဖြင့် သဘောတူခဲ့ကြောင်း မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။

စာချုပ် ချုပ်ဆိုခဲ့သော ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ယနေ့အချိန်ထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးဘဲ မြေကွက်လပ် အတိုင်းသာ ရှိနေခြင်း၊ ထို့ပြင် ဆောက်လုပ်ရန် တာဝန်ယူထား သူတို့ဘက်က ဆုထူးပန်ရုံ အရှေ့တွင် ညသန်းခေါင် အချိန်တွင် ဒေါ်ဝါဝါဝင်းရွှေ ဓာတ်ပုံကို မီးနှင့်ရှို့ပြီး အမဲသားတုံးပေါ်တွင် ဖယောင်းတိုင် ထွန်းခြင်းတို့ သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ခြင်း ရှိသည်ဆို၍ ထိုအကြောင်းကို မေးမြန်းကြည့်ရာတွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့် ကိုယ်တိုင် ဝန်ခံခဲ့ကြောင်း၊ ယင်းကြောင့် အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီကို ယုံကြည်နိုင်ခြင်း မရှိတော့သည့်အတွက် လုပ်ငန်း ဆက်လက် မလုပ်နိုင်တော့ကြောင်း မြေပိုင်ရှင် ဒေါ်ဝါဝါဝင်းရွှေက ပြောကြားသည်။

Great Father Land ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်က“သို့ရာတွင် အဲလို အမဲသားတွေနဲ့ လုပ်တယ် ဆိုတာကို ကျွန်တော်တို့ဘက်က လုံးဝ မလုပ်ပါဘူးလို့ ကုမ္ပဏီကိုယ်စား ပြတ်ပြတ်သားသား ငြင်းပါတယ်” ဟု ဆိုသည်။

ဦးမျိုးမြင့်က မိမိတို့မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်ရသည့်အတွက် ဌာနဆိုင်ရာတို့၏ ခွင့်ပြုချက်ရရန် လိုအပ်ကြောင်း၊ ယခင် ၁၂ ထပ် အဆောက်အအုံကို ထပ်မံ၍ အချင်းချင်း ရင်းနှီးမှုဖြင့် ကားပါကင် အပါအဝင် ၁၂ ထပ် အစား၂၁ ထပ် အဆောက်အအုံ ဆောက်ရန် နှုတ်ဖြင့် သဘောတူညီ ခဲ့သောကြောင့် လုပ်ငန်း ကြန့်ကြာခြင်း ဖြစ်ကြောင်း လုပ်ငန်း အပ်နှံသူဘက်က ကုန်ကျမည့် ငွေ အပြည့်အဝ မဟုတ်ဘဲ စရန် ကျပ်သိန်း ကိုးထောင်သာ ပေးအပ်ခဲ့ခြင်းကြောင့် မိမိတို့ဘက်က စိုက်ထုတ်ခဲ့ခြင်းများ ရှိကြောင်း၊ စာချုပ်အရ ဆက်လက် မလုပ်ကိုင်နိုင်လျှင် လုပ်ငန်းအပ်နှံသူမှ စရန်ငွေ အရှုံးဖြစ်မည် ဖြစ်ကြောင်း ပြောကြားသည်။

“အန်တီဝါက ကိုယ်ပိုင်တဲ့ မြေနေရာကို ကိုယ့်ပိုက်ဆံ သိန်းကိုးထောင်နဲ့ သူတို့ဆီက ပြန်ဝယ်ရမလို ဖြစ်နေတယ်။ ပြီးတော့ ဒီငွေတွေက ကိုယ်တစ်သက်လုံး အနုပညာနဲ့ ရင်းပြီး လုပ်ခဲ့လို့ ရတဲ့ငွေတွေနဲ့ အဆင့်မြင့် ရုပ်ရှင်ရုံလိုမျိုးတွေ ဆောက်ပြီး လုပ်ငန်းလုပ်ချင်လို့ စိုက်ထုတ်ထားခဲ့တဲ့ ငွေတွေပါ။ အန်တီဝါက ဖြစ်နိုင်ရင် တရားမစွဲချင်ပါဘူး။ ဒါပေမဲ့ ကိုယ့်ပိုက်ဆံ သိန်းကိုးထောင်ကိုတော့ ပြန်လိုချင်ပါတယ်။ ပြီးတော့ လူနေတိုက်ခန်းတွေရောင်းပြီလို့ ကြော်ငြာတာက သူတို့ အကြံပေးလို့ သူတို့ဘက်က အကုန်လုံး လုပ်ခဲ့တာပါ။ အန်တီဝါက အဲ့ဒါတွေကို ဘာမှ နားမလည်ပါဘူး”ဟု ဒေါ်ဝါဝါဝင်းရွှေက ဆိုသည်။

၎င်းတို့သည် ဆောက်လုပ်မည့် ပုံစံများကို တိုင်းဒေသကြီးမှ သက်ဆိုင်ရာဌာနသို့ ချပြမည့် ဆဲဆဲတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် လုပ်ငန်း အပ်နှံသူက လူနေ တိုက်ခန်းများ ရောင်းချမည်ဟု ကြော်ငြာ ခဲ့သောကြောင့် အခက် ကြုံတွေ့ခဲ့ရကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် အဆောက်အအုံ ဆောက်လုပ်လျှင် မြေပိုင်ရှင် အမည်ပေါက် မှန်ကန်ရေး ဌာနဆိုင်ရာတွင် လျှောက်ထား ခြင်းစသည်တို့ကို အဆင့်ဆင့် ပြုလုပ်ခြင်းများ ရှိကြောင်း၊ ထို့ပြင် မိမိတို့ ကုမ္ပဏီသည် အစ္စလာမ် ဘာသာဝင် အုပ်ချုပ်သော်လည်း ဒါရိုက်တာ အဖွဲ့ဝင်များမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး အလှူအတန်းများ ပြုလုပ်ခဲ့ကြောင်း Great Father Land ကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင် ဦးမျိုးမြင့်က ပြောကြားသည်။
“သူတို့ဘက်က တရားစွဲမယ် ဆိုရင်လည်း ကြိုက်သလို လုပ်ပါ။ ကျွန်တော်တို့ ဘက်ကလည်း အလုပ်တစ်ခုကို လုပ်ရင် သေချာ plan ဆွဲပြီးမှ လုပ်တာပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။



မူရင်းလင့် 

Post a Comment

 
Top