နယူးယောက်
ဇွန် ၂၁
အမေရိကန်
သမ္မတ ဘားရက် အိုဘားမားအား လုပ်ကြံရန် X-Ray ရောင်ခြည်သုံး လက်နက် များလျှို့ဝှက် တီထွင်ခဲ့သည့်
အမေရိကန် နိုင်ငံသား တစ်ဦးကို FBI အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ်အရ
သိရသည်။ နယူးယောက်မြို့မှ အသက် ၄၉ နှစ် အရွယ်ရှိ ဂလန်ဒန် စကော့တ် ခရောဖို့ဒ်ဆိုသူ အမျိုးသား
တစ်ဦးသည်
X-Ray ရောင်ခြည်သုံး
လက်နက် များ တီထွင်မှုကို ရှစ်လကြာ အချိန်ယူခဲ့ရပြီး ၄င်းလက်နက်များသည် သေစေနိုင်သော
ဓာတ်ရောင်ခြည်များကို ထုတ်လွှတ်နိုင်ပြီး အဝေးမှ လှမ်း၍ ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်နိုင်ကြောင်း
FBI အဖွဲ့က ပြောကြားခဲ့သည်ဟု သိရသည်။
အဆိုပါ လက်နက်များ
တီထွင်မှုတွင် နယူးယောက်မြို့ အသက် ၅၄ နှစ်အရွယ်ရှိ အဲရစ်ဂျေ ဖိတ်ဆိုသူ အမျိုးသား တစ်ဦးလည်း
ပူးပေါင်း ပါဝင်ခဲ့ပြီး ၄င်းတို့နှစ်ဦးကို ဇွန် ၁၈ ရက်က ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း
FBI အဖွဲ့က ပြောကြားထားသည်။
မြ၀တီ
Post a Comment