တစ်နာရီ မိုင် ၃၁၀ တောင် ခရီးသွားတဲ့ ရထားမို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံ ရထား ဖြစ်လာအုံးမှာပါ။
လက်ရှိကတော့ တရုတ်ပြည်က တစ်နာရီ ၂၆၈ မိုင်ပြေးတဲ့ ရထားက ကမ္ဘာ့အမြန်ဆုံး
ကျည်ဆံရထား အဖြစ် စံချိန်တင်ထားပါတယ်။ ဂျပန်ကလည်း စံချိန်သစ်နဲ့
နည်းပညာသစ်ကို ရထားကို စမ်းသပ်အောင်မြင် သွားပါပြီ။ ရိုးရိုးသွားတဲ့
ရထားတောင် မဟုတ်တော့ပဲ ရေပေါ် ပေါ်သလို ရှပ်ပြေးလေး သွားမယ့် ရထား
ဖြစ်ပါတယ်။ သံလမ်းနဲ့ မထိသထိအနေအထား ရှိပြီး Air Resistance
ကိုခုခုလို့ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား ဖြစ်လာမှာပါ။
လုံခြုံရေးအတွက်လည်း အပြည့်အဝ ပြုလုပ်ပေးထားပါတယ်။ လောလောဆယ် ၁၅ မီတာ
အရှည်သာ ပြုလုပ်ရသေးပြီး ဒီထက်ပိုရှည်ပြီး ခရီသည် ပိုတင်နိုင်မယ့်
အမျိုးအစားကို ကြိုးစားဖန်တီးသွားမယ်လို့ဆို ပါတယ်။
တိုကျိုနဲ့အိုဆာကာ မြို့နှစ်ခုကို ဆက်သွယ် ပို့ဆောင်ပေးမယ့် ရထား
လို့ဆိုပါတယ်။ ဒီအတွက် ရထားလမ်း စနစ်ကိုလည်း ပြန်လည် ပြုပြင်ရမှာပါ။
ဒါကြောင့် ခရီးသည် ပို့ဆောင်ရေးအတွက် လက်တွေ့ အသုံပြုမှုကျတော့ နောက်ထပ် ၇
နှစ်လောက်ထိ အချိန်ယူ ဖန်တီးရမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
Subscribe to:
Post Comments (Atom)

Post a Comment