မလေးရှား နိုင်ငံတွင် မြန်မာနိုင်ငံ သားများ အပေါ် အကြမ်းဖက်မှုများ
ဆက်လက် ဖြစ်ပွားနေပါက မလေးရှားနိုင်ငံသို့ အလုပ်သမား စေလွှတ်မှုများ
ရပ်ဆိုင်း သွားမည် ဖြစ်ကြောင်း အလုပ်သမား ရေးရာဝန်ကြီး ဌာန ဒုတိယ ၀န်ကြီး
ဦးမြင့်သိန်းက ပြောသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခ များကြောင့်
မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံ သားများ အကြမ်းဖက်မှုများ နရပြီး ဇွန်
၅ ရက်ထိ မြန်မာနိုင်ငံသား လေးဦး သေဆုံးပြီး ငါးဦးဒဏ်ရာ ရရှိကာ ၁၀၀၀ ကျော်
ဖမ်းဆီး ခံထားရ ကြောင်း သတင်း ရရှိသည်။
“မလေးရှားမှာ ဆက်ပြီးတော့ ပြဿနာတွေ ထပ်ဖြစ်နေရင်တော့ အလုပ်သမား
စေလွှတ်မှုတွေကို ရပ်ဆိုင်း ထားမှာပါ”ဟု အလုပ်သမားရေးရာ ၀န်ကြီးဌာန
ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောသည်။ မလေးရှား နိုင်ငံတွင် ဖြစ်ပေါ်နေသော
မြန်မာနိုင်ငံ သားများ သတ်ဖြတ်ခံရမှုနှင့် ဖမ်းဆီးခံရမှု များကို မလေးရှားရှိ
မြန်မာ သံရုံးက စီစဉ်ဆောင်ရွက် နေကြောင်း ဒုဝန်ကြီးဦးမြင့်သိန်းက ဆက်လက်
ပြောသည်။
မေ ၃၀ ရက်မှ ဇွန် ၄ ရက်အ ထိ ဆလန်းဂါးပြည်နယ် အချို့နေရာနှင့်
ကွာလာလမ်ပူမြို့တို့တွင် မြန်မာ နိုင်ငံသားများနှင့် မလေးရှားဒေသခံ များသည်
အနည်းဆုံး ခုနစ်ကြိမ် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ တိုက်ခိုက်
မှုများကြောင့် မြန်မာနိုင်ငံ သားလေးဦး သေဆုံးပြီး ခုနစ်ဦးဒဏ် ရာရရှိခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မလေးရှားနိုင်ငံ
ရဲတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို ဖမ်းဆီးခေါ်ဆောင်
သွားခဲ့သည်။ ခိုက်ရန်ဖြစ်ပွားသည့် ဆာလာရမ်းမြို့နယ်တွင် မလေးရှားရဲတပ်ဖွဲ့က
တရားမ၀င် ၀င်ရောက်နေထိုင် သူများကို ရှာဖွေစစ်ဆေးနေသော်လည်း တရားခံနှင့်
သံသယဖြစ်ဖွယ်ရှိသူများထက် မြန်မာများကိုသာ သဲသဲမဲမဲ ဖမ်းဆီးနေသည်ဟု
ယူဆရသောကြောင့် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံသားအများစုမှာ
ကြောက်လန့်စိုးရိမ်နေကြကြောင်း၊ အလုပ်ခွင်ဝင်ရန်ပင် ထိတ်လန့်နေ
ပြီဖြစ်ကြောင်း ပိနန်နာရေးကူညီမှုအသင်းမှ ဦးခင်မောင်ဝင်းက ပြောသည်။
မလေးရှား နိုင်ငံရောက် မြန်မာနိုင်ငံသားဦးရေ ၅၀၀၀၀၀ ၀န်းကျင်ခန့်ရှိပြီး
တရားဝင်နေထိုင် သူ ၂၀၀၀၀၀ ၀န်းကျင်၊ တရားမ၀င် နေထိုင်သူ ၂၀၀၀၀၀
ဝန်းကျင်နှင့် နိုင်ငံရေးခိုလှုံသူလူဦးရေ ၁၀၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း
သတင်းရရှိသည်။ ဇွန်လ ၅ ရက်ကလည်း မလေး ရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး
ဦးတင်လတ်က မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မလေးရှားနိုင်ငံ
ရဲချုပ်တို့ထံ သွားရောက်တွေ့ဆုံကာ မြန်မာနိုင်ငံသားများ အကြမ်းဖက်
ခံရမှုတွင် ပါဝင်ကူညီဖော်ထုတ်ပေးရန် ပြောကြားထားသည်။
အဆိုပါ မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ဖမ်းဆီးခံရမှုများ ကြောင့်
ဇွန် ၆ ရက်တွင် မလေးရှားရောက် မြန်မာအဖွဲ့အစည်းများဖြစ်ကြသော ပြည်ပရောက် ၈၈
မျိုးဆက် ကျောင်းသားအဖွဲ့၊ NLD YOUTH (LA) Malaysia GSC အထွေထွေ
သပိတ်ကော်မတီနှင့် KEPONG နာရေးကူညီမှုအသင်းတို့မှ ခေါင်းဆောင် ငါးဦးက
လက်ရှိဖြစ်ပေါ် နေသော ကိစ္စများကြောင့် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
ဇွန် ၇ ရက်တွင်လည်း မလေးရှား နိုင်ငံရောက် မြန်မာများကို
ဆက်လက်ဖမ်းဆီးမှုများပြုလုပ်နေ ကြောင်း ခပ်ပွန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ
ဦးစန်းဝင်းက ပြောကြားသည်။ မလေးရှားနိုင်ငံတွင် ဖမ်းဆီးခံရသော
မြန်မာနိုင်ငံသားများအနက်အထောက်အထားစာရွက်မရှိသည့်သူများကို
ဖမ်းဆီးမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ သံအမတ်ကြီး
ဦးတင်လတ်ကပြောသည်။
“အထောက်အထားမရှိတဲ့ သူတွေကို ဖမ်းတယ်။ ပတ်စပို့မိတ္တူရှိ ရင်တောင်
မြန်မာနိုင်ငံကို ပြန်ခွင့်ပေးမှာပါ။ အဲလို မြန်မာနိုင်ငံကို ပြန်
ပို့ပေးတာ ၁၂၀၀၀ လောက်ရှိပါပြီ”ဟု ဦးတင်လတ်က ပြောသည်။
Subscribe to:
Post Comments (Atom)

Post a Comment