0
 
 အကျိုးဆေင်ရှေ့ နေ ဦးဖိုးဖြူ

မနက်ဖြန် ၂၀၁၃၊ ဇွန်(၁၀)၇က်နေ့ နံနက်(၁၀း၀၀)နာရီမှာ Green Asia ကုမ္ပဏီနှင့် အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီတို့ကို ကျူးကျော်မှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ လယ်သမား(၂၈)ဦးက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် တရားရုံးမှာ တရားစွဲဆိုမှာ ဖြစ်ကြောင်း Myanmar News Now က သတင်းရရှိပါတယ်။


အဆိုပါ တရားစွဲဆိုမှုနှင့် ပါတ်သတ်လို့  အကျိုးဆောင် ရှေ့ နေဦးဖိုးဖြူ ကို မေးမြန်းကြည့်ရာမှာ --

" Green Asia ကုမ္ပဏီက လယ်သမားတွေကို ရဲစခန်းမှာ အမှုဖွင့်တော့ (ပ)နံပါတ်(၃၁)နဲ့ ကျူးကျော်မှုဖွင့်ပေးပါတယ်။ လယ်သမားတွေက သူတို့လက်ရောက် မြေအတွက် အမှုဖွင့်တော့ ရဲက အမှုမဖွင့်ပေးပါဘူး။ ဒီအတွက် တရားရုံးမှာ ဦးတိုက် လျှောက်ထား တရားစွဲဆိုဖို့ စီစဉ်ရတာဖြစ်ပါတယ်။
လယ်သမား(၂၈)ဦးက Green Asia ကုမ္ပဏီနဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဖြစ်သူတွေကို ကျူးကျော်မှု၊ အကျိုးဖျက်ဆီး မှုတွေနဲ့ တရားစွဲဆိုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
 ကျွန်တော်တင်ပြချင်တဲ့ ဥပဒေရှုထောင့် ကတော့ မြေယာအငြင်းပွားမှု ကိစ္စတွေမှာ
ဘယ်သူက ပိုင်ရေး ဆိုင်ခွင့်ဖြစ်ထိုက်တယ်ဆိုတာကို သမ္မတရုံး အပါအ၀င် လယ်ဆည်ဝန်ကြီးရုံးရဲ့ လယ်ယာမြေကော်မတီတွေက တရားဝင် ဆုံးဖြတ် ကြေညာတာမျိုး မပြုလုပ်ရဲပါဘူး။ အကြောင်းကတော့ တရားမ၀င်တဲ့နည်းနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်တွေကို လွှဲပြောင်းခဲ့လို့ပဲဖြစ်ပါတယ်။
ဘယ်သူမြေ လက်ရောက်ဖြစ်ထိုက်တယ် ဆိုတဲ့အပေါ်မှာ ဥပဒေကြောင်းအရ လက်တလော ဆက်လက်အငြင်းပွား နေဦးမှာ ဖြစ်ပါတယ်။" လို့ Myanmar News Now ကို ပြောကြားပါတယ်။

သစ်ထူးလွင်

အမှုဖွင့်လှစ် တိုင်းကြားချက် အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

Post a Comment

 
Top