ဓါတ်ပုံ - Myanmar News Now
ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ တိုက်ပွဲတွေ
ပြန်လည် ဖြစ်ပွားတဲ့ (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သေဆုံးခဲ့သူတွေကို
ရည်စူးပြီး လမ်းလျှောက် ချီတက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ
ကျင်းပခဲ့ပါတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့ အဖွဲ့အစည်းတွေက လူဦးရေ (၁၅၀)
ကျော်ဟာ လွမ်းသူ့ပန်းခွေတွေ ကိုင်ဆောင်ကာ ဆူးလေဘုရားအနီး
မဟာဗန္ဓုလပန်းခြံရှေ့ကနေ အလုံမြို့နယ်မှာရှိတဲ့ တေဇောရတနာရာမ ဘုန်းကြီး
ကျောင်းတိုက်အထိ လမ်းလျှောက်ကြပြီး ဆုတောင်းအမျှ ပေးဝေခဲ့ကြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Subscribe to:
Post Comments (Atom)
Post a Comment