ဂျပန်နိုင်ငံမှာ Sony တို့ တရားဝင်ကြေညာလိုက်တဲ့ မီနီစမတ်ဖုန်း ဖြစ် ပါတယ်။
အရွယ်အစား ၄.၃ လက်မ ရှိတဲ့ ယင်းဖုန်းကို Xperia Z1F လို့အမည်ပေးထားပါတယ်။
အရွယ်သာ သေးတာပါ။ ဖုန်းမှာပါတဲ့ Specification က
မနိမ့်ပါဘူး။ Quad core 2.2GHz Snapdragon 800 processor တပ်ဆင်ထားပြီး
RAM 2GB ရှိပါတယ်။ Built in Memory က 16 GB ပါ။ 64 GB ထပ်ထည့်လို့ ရပါ မယ်။
NFC, Qu Wireless Charing ( ကြိုးမဲ့အားသွင်းစနစ်) တို့ ပါဝင်ပြီး ဘက်ထရီက
၂၃၀၀ mAh ရှိပါတယ်။ ကင်မရာ ဘယ်လောက်ရှိမယ်ဆို တာကိုတော့ မပြောထားပါဘူး။
သို့ပေမယ့် အနည်းဆုံး 13 Megapixel ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ Japanese
Carrier ဖြစ်တဲ့ Docomo က ပြည်တွင်းအတွက် ရည်ရွယ်ပြီး မိတ်ဆက် လိုက်တာပါ။
Android 4.2.2. OS နဲ့ မိတ်ဆက် ထားပါတယ်။
ကမ္ဘာ့ဈေးကွက်ကိုလည်း
Sony အမှတ်တံဆိပ်နဲ့ပဲ ဖြန့်ချိမှာ ဖြစ် ပါ တယ်။ ဈေးနှုန်းဘယ်လောက်
ရှိမယ်ဆိုတာ မကြေညာ သေးပါဘူး။ အနက်ရောင်၊ အဖြူရောင်၊ ပန်းရောင်နဲ့
သံပုရာစိမ်းရောင်၊ အဝါရောင် အစရှိ သဖြင့် အရောင်စုံ ထုတ်လုပ် ထားပါတယ်။
ကမ္ဘာ့ဈေးကွက်ကို ဒီဇင်ဘာလ နောင်းပိုင်း စတင် ဖြန့်ချိမှာ ဖြစ်ကြောင်း
သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )
Subscribe to:
Post Comments (Atom)

Post a Comment