0
CONQUEST Organizing  Group၏ ကြီးကြပ်စီစဉ်မှုဖြင့်၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ MICT Park တွင် ပညာရေးဆိုင်ရာ ပြပွဲကြီးတစ်ရပ်ကို ခင်းကျင်းပြသ သွားရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

Education Knowledge Fair အမည်ဖြင့် ကျင်းပမည့် အဆိုပါပညာရေးပြပွဲကြီးတွင် ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ နိုင်ငံတကာ ပညာတော်သင်ကျောင်းများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများ၊ Training Centre များ၊ Language School များ၊ နည်းပညာဆိုင်ရာ သင်တန်းများစသည်ဖြင့် ပညာရေးနှင့်ပတ်သက်သည့် လုပ်ငန်း များမှ ဝင်ရောက်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပညာရေးပြပွဲတွင် ပညာရေးဆိုင်ရာများကိုသာ သီးသန့်အနေဖြင့် ခင်းကျင်း ပြသသွားမည် ဖြစ်ပြီး ပြခန်း ပေါင်းလေးဆယ်ခန့် ထည့်သွင်းပြသသွားရန် စီစဉ်ထားကာ ပြပွဲသို့ လာရောက် ကြည့်ရှုသူများအား ပညာရေး ဆိုင်ရာ အသိပညာများ တိုးပွားစေရန် Seminar များလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  ပြပွဲကြီးတွင် အထူးအစီအစဉ်တစ်ရပ် အနေဖြင့် ပြပွဲတွင် ပါဝင်ပြသသော ပညာရေး လုပ်ငန်းများအား စုစည်း၍ Catalogue တစ်ခုကို ပရိသတ်များသို့ အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်သည်။  အဆိုပါစာအုပ်မှာ After Sale Service တစ်ရပ်အနေဖြင့် အကျိုးရှိစေမည် ဖြစ်သလို ပြပွဲကြီး အားပြပွဲပြီးဆုံးပြီးသည့် နောက်ပိုင်း ကာလတစ်ခု အထိ သက်ဝင် လှုပ်ရှားနေစေမည် ဖြစ်ကြောင်းလည်း သိရသည်။

ပညာရေးဆိုင်ရာ လုပ်ငန်းများကိုသာ သီးသန့်စုစည်းပြသမည့် အဆိုပါ Education Knowledge Fair ပြပွဲကြီး တွင် ပါဝင်ပြသလိုသော ပညာရေး လုပ်ငန်းများအနေဖြင့် ဖုန်း-၀၉-၄၂၀၁၆၀၃၁၀၊ ၀၉- ၄၂၁၀၃၁၁၁၀ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
စိုးမြင့်ထွန်း
- See more at: http://www.myanmarinternetjournal.com/content/8612#sthash.lgW9PcNf.dpuf

Post a Comment

Top