Princess Tower မှ မြူဖုန်းနေတဲ့ ဒူဘိုင်းမြို့ ကြီးကို လှမ်းမြင်နေရ မှု ဖြစ်ပါတယ်။
ယင်း ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ ရှိ Princess Tower ဟာ
ကမ္ဘာ့အမြင့်ဆုံး လူနေအိမ်ရာ အဆောက်အအုံ (the world's tallest residential
building) အဖြစ် စံချိန်တင်ထားပါတယ်။
အထပ်ပေါင်း ၁၀၁ ထပ် ရှိပြီး အမြင့်ပေ ၁၃၅၈ ပေ ရှိပါတယ်။ အခန်း
ယူနစ်ပေါင်း ၇၆၃ ခု၊ ကားအစီးထောင်ဂဏန်းဆန့်သော ကားပါင်ကင် အထပ်များ၊
လက်လီလက်ကားဆိုင်ကြီးများ ၈ခုမက ပါဝင်ပါတယ်။
ပုံမှာ မြင်တွေ့နေရတာကတော့ အထပ်အမြင့်ဆုံးကနေ ဒူဘိုင်းတစ်မြို့ လုံးကို
လှမ်းမြင်နေရမှု ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က စတင်တည်ဆောက်ပြီး ၂၀၁၂ ခုနှစ်
စက်တင်ဘာလက ပြီးစီးခဲ့ပါတယ်။ ယနေ့မှာတော့ လူနေအိမ် ခန်း ပေါင်းများစွာ
ပါရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး အိမ်ရာအဆောက်အအုံ အဖြစ် အသိအမှတ်ပြု
ခံထားရကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham ( ရိုးရာလေး )
Subscribe to:
Post Comments (Atom)

Post a Comment