မြန်မာနိုင်ငံ တွင် မိုဘိုင်းလ် တယ်လီဖုန်း လုပ်ငန်း လိုင်စင်
ရရှိထားသော Ooredoo ကုမ္ပဏီ နှင့် Telenor ကုမ္ပဏီတို့ အနေဖြင့် ဆက်သွယ်ရေး
တာဝါတိုင် များ တည်ဆောက်ရန် အတွက် စတင် ကြိုးပမ်း ဆောင်ရွက် နေပြီ
ဖြစ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက် ရာတွင် တာဝါတိုင်များ ကို ကုမ္ပဏီ
နှစ်ခု အနေဖြင့် မျှဝေ သုံးစွဲနိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်
နေကြောင်းလည်း သိရသည်။
ထိုသို့ ဆောင်ရွက် ရာတွင် အဆိုပါ ကုမ္ပဏီများ အနေဖြင့် တာဝါတိုင်များ
တည်ဆောက်ရန် မြေနေရာ ရရှိရေး အတွက် စတင် ကြိုးပမ်း ဆောင်ရွက် နေပြီ
ဖြစ်ကြောင်း နှင့် ယင်းအတွက် အချိန် ပေးရမှုများ ၊ ကြန့်ကြာမှုများ လည်း
ရှိနိုင်သည်ဟု သိရသည်။ လူဦးရေ သန်း ၆၀ မျှရှိသော မြန်မာနိုင်ငံ တွင်
အင်တာနက် သုံးစွဲနိုင်မှု မှာ လူဦးရေ ၏ ၁ ရာခိုင်နှုန်း သာ ရှိသည်ဟု
International Telecommunication Union ၏ အဆိုအရ သိရသည်။
ယခုနှစ် ဇွန်လ အတွင်းတွင် နိုင်ငံခြား ကုမ္ပဏီ နှစ်ခုကို ပထမဆုံး
အကြိမ်အဖြစ် မြန်မာ အစိုးရက မိုဘိုင်းလ် တယ်လီဖုန်း လိုင်စင် ချထား
ပေးခဲ့သည်။ အဆိုပါ လိုင်စင် အတွက် ကုမ္ပဏီ နှင့် လုပ်ငန်းစု ၉၀ ကျော်
အဆိုပြု လျှောက်ထား ခဲ့သည့် အထဲမှ Ooredoo နှင့် Telenor ကုမ္ပဏီ တို့ကို
ရွေးချယ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Ref & Credit: မြန်မာ့လင်းရောင်ခြည်
Home
»
မြန်မာ့သတင်း
» မိုဘိုင်းလ် တယ်လီဖုန်း လုပ်ငန်းလိုင်စင် ရရှိထားသည့် ကုမ္ပဏီများ တာဝါတိုင်များ တည်ဆောက်ရန် စတင်ကြိုးပမ်း
Subscribe to:
Post Comments (Atom)

Post a Comment