ယခု ရက်ပိုင်းလေးတင်ပဲ
စာချုပ်ချုပ်ဆိုပြီးသွားတဲ့ ရောင်းဝယ်မှု တစ်ခု ဖြစ် ပါတယ်။ ရောင်းသူက တရုတ်ပြည်မကြီး
ဖြစ်ပြီး ဝယ်သူကတော့ တူရကီနိုင်ငံ ပါ။ ပစ္စည်းအမျိုးအစားကတော့ စစ်လက်နက် ဒုံးကျည် ဖြစ်ပြီး
အရေအတွက် အများအပြား ဝယ်ယူခြင်း ဖြစ်ပါတယ်။
ဒီအတွက် အမေရိကန်
သမ္မတအိုဘားမားဟာ တူရကီ ဝန်ကြီးချုပ်နဲ့ တိုက်ရိုက်တွေ့ဆုံ တားမြစ်တဲ့ အထိ ပြုလုပ်ခဲ့ပါတယ်။
နေတိုး အဖွဲ့ချုပ် ကလည်း တားမြစ်ပါတယ်။ အခြေအနေက တားရခက်တဲ့ အချိန်ကာလ ဖြစ် ပါတယ်။
ဒီတော့ နေတိုးအဖွဲ့ဝင်နိုင်ငံများသို့ တရုတ်ပြည်ရဲ့  စစ်လက်နက် ရောင်းချမှုဟာ သမိုင်းမှာ
ပထမဆုံး အကြိမ်အဖြစ် စံချိန်တင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အကြောင်းကတော့ တူရကီနိုင်ငံ
ဟာ လည်း နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံမို့လို့ ဖြစ်ပါတယ်။ ယခုမှ မဟုတ်ပါဘူး။
တစ်ချိန်တုန်းကလည်း အစ္စရေး နဲ့ ပြဿနာတက်ဖူး ပါတယ်။ အဲ့တုန်းကတော့ ရောင်းသူက အစ္စရေးဖြစ်ပြီး
ရေဒါ စနစ်နဲ့ အခြားသော လုံခြုံရေးစစ်လက်နက်များကို တရုတ်ပြည်သို့ ရောင်းချခြင်း ဖြစ်
ပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်တုန်းကပါ။
အဲ့တုန်းကလည်း
အမေရိကန်အစိုးရရဲ့  ဖိအားပေးတားမြစ်မှုကိုခံခဲ့ရပြီး အရောင်းအဝယ် ထင်သလောက် မဖြစ်ပဲ
သက္ကရာဇ် ၂၀၀၃ ခုနှစ်မှာ အဆင့်မြင့် စစ်သုံးမော်တော်ယာဉ်များတော့ ရောင်းချဖြစ်ခဲ့ပါတယ်။
အဲ့တုန်းက အမေရိကန်ဟာ အစ္စရေးအပေါ် ဆက်ဆံရေး
ပျက်ပြယ်လု အထိဖြစ်ခဲ့ပြီး အချိန်ကာလ အတော်ကြာ နားလည်မှု ပြန်ယူခဲ့ရ ပါတယ်။ ဒါကြောင့်
ယနေ့မှာ အစ္စရေးဟာ အမေရိကန် မဟာမိတ်အဖြစ် ပြန်လည် တည်ရှိလာခြင်း ဖြစ်ပါတယ်။
အမေရိကန်ဟာ
ကမ္ဘာမှာ စစ်လက်နက် ရောင်းချမှု ပမာဏ အများဆုံး နိုင်ငံဖြစ်ပါတယ်။ ငွေကြေးအရရော၊ အရေအတွက်
အရရော ကမ္ဘာ့အများဆုံး စံချိန်တင်ပြီး ကမ္ဘာ့စစ်လက်နက် ရောင်းချမှု ၇၈ ရာခိုင်နှုန်းဟာ
သူတို့ လက်ထဲမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆၆.၃ ဘီလျံတန်ဖိုးအထိ ရှိခဲ့ပါတယ်။
ဒါကြောင့် ယခုလို ပိတ်ဆို့ တားမြစ်မှုအတွက် အာရပ်အုပ်စုနိုင်ငံများက မတရားသည့် ဖိအားတစ်ခုလို့
မှတ်ချက် ပေးခဲ့ကြောင်း သိရပါတယ်။
.
Ref: cnn
Aung
Kham (ရိုးရာလေး)

Post a Comment