ရန်ကုန်၊ အောက်တိုဘာ ၇
ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်
မြောက်ရေးအဖွဲ့က ရုပ်ရှင်ဇာတ်ကားအမည်ကို 'အောင်ဆန်း'ဟု သတ်မှတ်အတည်ပြုလိုက်
ကြောင်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးမင်း ထင်ကိုကိုကြီးက
ပြည်ထောင်စုနေ့စဉ်သို့ပြော သည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်
သော ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားနှင့်ပတ်သက်သော
ဆွေးနွေးပွဲတွင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်နှင့်
အဖွဲ့ဝင်များဖြစ်ကြသော ဦးမင်းထင် ကိုကိုကြီး၊ ဦးဝိုင်း၊ ဦးဝေဠုကျော်၊
ဒေါ်အိအိ ခိုင်၊ဒေါ်ကြည်ဖြူသျှင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြ ပြီးနောက်
ဇာတ်ကားအမည်ကို အတည်ပြုနိုင် ခဲ့ခြင်းဖြစ်သည်။
ဇာတ်ကားထုတ်လုပ်ရေးအတွက်
၂ဝ၁၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံနှင့်အင်္ဂလန် နိုင်ငံတို့မှ
ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများနှင့် ဆက်သွယ်၍တာဝန်ယူထုတ်လုပ်မည့် ကုမ္ပဏီ
အားအပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်တွင် ဗိုလ်ချုပ်အောင်ဆန်းနေရာ၌ အဓိကပါဝင်သရုပ်
ဆောင်မည့် ကျော်ကျော်မျိုးနှင့်ဗိုလ်ချုပ်အောင်
ဆန်း၏ဇနီးဒေါ်ခင်ကြည်နေရာတွင်ပါဝင်သရုပ်
ဆောင်မည့်ဇာခြည်လင်းတို့အားစခန်းသွင်းလေ့ကျင့်
ပေးရန်အတွက်ခေါ်ယူထားပြီးဖြစ်ကြောင်းသိရ သည်။
''ဟုတ်ပါတယ်။
ကျွန်တော်တို့အောင်ဆန်း ဆိုတဲ့အမည်ကိုရွေးလိုက်ပါတယ်။ ပြန်ကြည့်မယ် ဆိုရင်
ထိန်လင်း၊ ထိန်လင်းပြီးတော့ အောင်ဆန်း၊ အောင်ဆန်းပြီးတော့
သခင်အောင်ဆန်း၊သခင် အောင်ဆန်းပြီးတော့ဗိုလ်တေဇ၊ ဗိုလ်တေဇပြီး တော့
ဦးအောင်ဆန်းဆိုပြီးရှိခဲ့တယ်။ နိုင်ငံရေး လှုပ်ရှားမှုအရ၊ အသက်အရွယ်အရ
ရှေ့ကနာမည် တွေကအမျိုးမျိုးပြောင်းခဲ့တယ်ပေါ့နော်။ မပြောင်း တာက
အောင်ဆန်းဆိုတဲ့ဟာပဲလေ။ အဲဒါ ကြောင့် သူ့ရဲ့အတ္ထုပ္ပတ္တိကို အခြေခံတဲ့ရုပ်ရှင်
အဖြစ် နှစ်နာရီခွဲစာ၊ သုံးနာရီစာလောက် ရိုက် မယ်ဆိုတော့
အောင်ဆန်းဆိုတဲ့နာမည်အပြင် အခြားနာမည်ကိုစဉ်းစားလို့မရဘူး။ ဒီအောင်ဆန်း
ဆိုတဲ့နာမည်ကသာ အခြားနာမည်တွေထက်ပိုပြီး သင့်တော်မယ်လို့ ယုံကြည်တယ်လေ။
အထူး သဖြင့်ကိုယ်ကလဲ အဲဒီအောင်ဆန်းဆိုတဲ့နာမည် ကိုတော်တော်သဘောကျတယ်။
ဒေါ်အောင်ဆန်း စုကြည်ကလဲ သဘောတူတယ်။ အဲဒါကြောင့်
အောင်ဆန်းဆိုတဲ့နာမည်ဖြစ်သွားတာပါ။ ရုပ်ရှင် ဇာတ်ကားနာမည်အကြောင်းက
ခုမှဆွေးနွေးဖြစ်ခဲ့ တာပါ''ဟု ဦးမင်းထင်ကိုကိုကြီးကပြောသည်။
ကမ္ဘာကျော်သမိုင်းဝင်ပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိ
နှင့် ဘဝအစိတ်အပိုင်းများကို ရုပ်ရှင်အဖြစ် ပြန် လည်ရိုက်ကူးရာတွင်
သမိုင်းဝင်ပုဂ္ဂိုလ်များ၏ အမည်များကို ဇာတ်ကားအမည်ဖြင့်တိုက်ရိုက်
ပြန်လည်အသုံးပြုခြင်းများရှိခဲ့ပြီး အမေရိကန်
သမ္မတဟောင်းလင်ကွန်း၏အကြောင်းကိုရိုက်ကူး ခဲ့သည့်လင်ကွန်းဇာတ်ကား၊
အိန္ဒိယခေါင်းဆောင် ဂန္ဒီအကြောင်းရိုက်ကူးထားသည့် ဂန္ဒီဇာတ်ကား
နှင့်လက်တင်အမေရိက တော်လှန်ရေးခေါင်း
ဆောင်ချီဂွေဗားရားအကြောင်းရိုက်ကူးထားသည့်
ချီဇာတ်ကားတို့မှာအောင်မြင်မှုများရရှိခဲ့ကြသည်။
ဆုဟမ် - The Union Daily
Subscribe to:
Post Comments (Atom)

Post a Comment