0
 
ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ (၁၇)ရက်ကွက်၊ ကန်လမ်းရှိ၊ ချမ်းမြေ့တည်ခိုခန်း ခန်းနံပါတ်(၅)တွင်
(၁၁.၁၀.၂၀၁၃)နေ့ည (၉း၃၀)အချိန်ခန့်က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ချမ်းမြေ့တည်းခိုခန်းတွင် လာရောက် တည်းခိုသူ ကျော်မျိုးနိုင်(၂၉)နှစ် (ဘ)ဦးကျော်လွင်၊ ခွဲ(၁၀)မီးရထားရဲနှင့် မငြိမ်းသီတာ(၂၇)နှစ်၊ (ဘ)ဦးခင်မောင်အုန်း၊ ညောင်လေးပင်မြို့၊ မြို့မရပ်ကွက်နေသူတို့သည် တည်ခိုခန်း အခန်းနံပါတ်(၅)တွင် တည်ခိုပြီး၊ ၄င်းတို့နှင့် အတူပါလာသော မယုယုခိုင်(၂၇)နှစ်၊ (ဘ)ဦးသိန်းဝင်း၊ ညောင်လေးပင်မြို့၊ မြို့မရပ်ကွက်မှာ အခမ်းနံပါတ်(၆)တွင်တည်းခိုခဲ့သည်။

မယုယုခိုင်မှ ကျော်မျိုးနိုင်နှင့်မငြိမ်းသီတာတို့၏ အခန်း(၅)သို့ လာရောက်ပြီး ၄င်းတို့ပါလာသောပိုက်ဆံအိတ်အား ဖွင့်ကြည့်ရာမှ ဗုံးပေါက်ကွဲမှုဖြစ် ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် ကျော်မျိုးနိုင်သည် အခင်းဖြစ်နေတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး မငြိမ်သီတာသည် တောင်ငူဆေးရုံကြီးတွင် ည(၁၁း၃၀)အချိန်ခန့်က ၄င်းဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းနှင့် မယုယုခိုင်
သည် ဆေးရုံကြီးတွင်အတွင်း လူနာ(မစိုးရိမ်ရ)ဖြင့် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သတင်းရရှိသည်။

ကိုသန့် စင်

by Myanmar News Now

Post a Comment

 
Top