Art and
Design ဘာသာရပ်ကို စိတ်ဝင်စားသူ မြန်မာကျောင်းသား၊ ကျောင်း သူများ အနေဖြင့် Manchester Metropolitan University ရှိ The
Manchester School of Art တွင် Art and Design ဘာသာရပ် မြောက် များစွာထဲမှ မိမိနှစ်သက်ရာ
ဘာသာရပ်ကို ရွေးချယ်၍ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ကျောင်းဖွင့်ချိန် အတွက် စတင် လျှောက်ထား
တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း Regent Consultancy
Services Co., Ltd မှ သိရသည်။
The
Manchester School of Art သို့ တက်ရောက်လိုသော မြန်မာကျောင်းသူ၊ ကျောင်းသားများ အနေဖြင့်
GCE A - Level 2 နှစ် တက်ရောက်ရန် မလိုဘဲ International Foundation Art and Design
Program မှတစ်ဆင့် တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ Foundation ကို တက်ရောက် အောင်မြင်ပြီးပါက
The Manchester School of Arts တွင် BA
(Hons) Creative Multimedia, BA (Hons) Fashion, Filmmaking, BA (Hons)
Fine Arts, BA (Hons) Graphic Design, BA (Hons) Illustration with Animation, BA
(Hons) Interactive Arts, BA (Hons) Interior Design, BA (Hons) Landscape
Architecture BA (Hons) Photography, BA (Hons) Textiles in Practice, BA (Hons)
Three Dimensional Design စသည့် ဘာသာရပ်များကို ဆက်လက် ဆည်းပူးနိုင်မည် ဖြစ်သည်။
International
Foundation in Art and Deisgn သို့ ဝင်ခွင့် သတ်မှတ်ချက်များမှာ တက္ကသိုလ် ဝင်တန်းအောင်
(သို့မဟုတ်) iGCSE အောင်မြင်ထားသူ (သို့မဟုတ်) American High School Diploma အောင်မြင်ထားသူများ
အင်္ဂလိပ်စာ အရည်အချင်းစစ် ရမှတ် IELTS
(5.0) တို့ဖြစ်သည်။The Manchester School of Art onf Manchester Metropolitan
University (MMU) တွင် Art and Design ဘာသာရပ်များကို
အထူး သင်ကြား ပို့ချပေးနေသော ကျောင်းဖြစ်သည်။ အထူးသဖြင့် The Manchester School of
Art သည် UK နိုင်ငံတွင် Arts and Design ပညာရပ်ဆိုင်ရာ အထူးပြု ဘာသာရပ် အများဆုံးကို
သင်ကြားပေးနေသည် သာမက နှစ်ပေါင်း အကြာမြင့်ဆုံး သင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။ ၂၀၁၃
ခုနှစ်တွင် The Manchester School of Art သည် ၁၇၅ နှစ် ပြည့်ပြီး ၃၅၀၀ ကျော်သော ကျောင်းသူ၊
ကျောင်းသားများသည် Art, Design, Media and Architecture စသည့် ဘာသာရပ်များကို ဆည်းပူး
လေ့လာလျက် ရှိကြောင်း သိရသည်။
Regent
Consultancy Services Co., Ltd အမှတ် B (13+23) ရွှေကိန္နရီ အဆင့်မြင့်အိမ်ယာ၊ နာနတ်
တောလမ်း (ရွှေကောင်း ဟော့ပေါ့အရှေ့)၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၅၀၀၀၅၄၊
၀၉-၅၀၁၉၈၇၀၊ ၀၉-၇၃၂၀၅၃၃၃ သို့ မိမိ၏ ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ၊ IELTS ရမှတ်များနှင့်
တကွ လာရောက် လျှောက်ထားနိုင်သည်။
စိုးမြင့်ထွန်း
အင်တာနက်ဂျာနယ်

Post a Comment