0

မြန်မာပြည် ဗုဒ္ဓဘာသာမိဘမဲ့ကလေးများ စောင့်ရှောက်ရေးအသင်း (MBOA) မှ ကြီးမှူးပြီး မန္တလေး MRG မိုဘိုင်းဖုန်း အထူးပြုပြင်နည်း သင်တန်းကျောင်းနှင့် ပူးပေါင်းကာ မိဘမဲ့ကလေးဂေဟာများမှ မိဘမဲ့ကလေးများအတွက် မိုဘိုင်းပြုပြင်နည်းသင်တန်းအား ၁၀၀ ရာခိုင်နှုန်း အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းအား မိုဘိုင်းဖုန်းဆိုင်များအတွက် ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်နှင့် မိဘမဲ့ကျောင်းသားများ ဘဝအာမခံချက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မန္တလေး MRG မှ သိရသည်။
အဆိုပါသင်တန်းတွင် Mobile Phone Software ပိုင်းဆိုင်ရာပြုပြင်နည်း၊ Mobile Phone Hardware ပိုင်းဆိုင်ရာ ပြုပြင်နည်းများအား အပတ်စဉ်တနင်္ဂနွေနေ့တိုင်း နံနက် (၈) နာရီမှ ညနေ (၆း၃၀) အထိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Softwrae သင်တန်းအား တန်းခွဲတစ်ခုတွင် (၁၀) ဦးနှုန်းဖြင့် တန်းခွဲ ၃ခု၊ Hardware သင်တန်းအား တန်းခွဲ တစ်ခုလျှင် (၁၅) ဦးနှုန်းစီဖြင့် တန်းခွဲ (၂) ခု ဖွင့်လှစ်သွားမည်ဟု သိရသည်။ သင်တန်းကာလမှာ နှစ်လကြာမြင့်မည်ဖြစ်ပြီး သင်တန်းတက်ရောက်ပြီး သင်တန်းဆင်းလက်မှတ်အား သင်တန်းတက်ရောက်ချိန် ၇၅ ရာခိုင်နှုန်းနှင့် နှစ်ပတ်တစ်ကြိမ် ပြုလုပ်သော Examination စာမေးပွဲဝင်ရောက်ဖြေဆိုပြီး အောင်မြင်သူများကိုသာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်သူများကိုလည်း နောက်တစ်ကြိမ်တန်းခွဲတွင် ပြန်လည် လက်ခံသင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ သင်တန်းသို့ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်ရှိ မည်သည့်မိဘမဲ့ကလေးဂေဟာများမှ မိဘမဲ့ကလေးမဆို တက်ရောက်နိုင်မည်ဖြစ်ပြီး လျှောက်ထားလိုသူသည် သင်တန်းအပတ်စဉ် တစ်ခုအတွက် သင်ရိုးတစ်ခုစီကိုသာ လျှောက်ထားနိုင်မည် ဖြစ်ကာ သင်ရိုးနောက်ထပ် တစ်ခုကိုလည်း ဆက်လက်တက်ရောက်ခွင့်ပေးမည်ဟု သိရသည်။ လျှောက်ထားလိုသူများအတွက် အနည်းဆုံးပညာအရည်အချင်း အလယ်တန်း အဆင့်ရှိသူဖြစ်ရမည်ဖြစ်ပြီး မှတ်ပုံတင် မိတ္တူ တစ်စောင်၊ CV Form၊ Passport 3 ပုံ၊ သက်ဆိုင်ရာမိဘမဲ့ဂေဟာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့်အတူ (MBOA) တည်ရှိရာ မူလငါးစို့တိုက် ပြည်ကြီးမျက်ရှင်ကျောင်းတိုက်၊ လမ်း (၃၀ x ၆၂) ထောင့်၊ မန္တလေးမြို့၊ ဖုန်း-၀၉-၉၁၀၀၅၉၃၅ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဟု သိရသည်။

ကောင်းမြတ်ထွန်း၊ မန္တလေး

Myanmar Internet Journal

- See more at: http://www.myanmarinternetjournal.com/content/8190#sthash.ljG9kjVk.dpuf

Post a Comment

Top