0
 မလေးရှားနိုင်ငံ ရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ TV7 မှ ထုတ်လွှင့်ပြသမှု သတင်း

ကမ်ပုန်းဘာရု ၊ အမ်းဘန်း တွင် ဒီကနေ့ ၇း ၃၀ မိနစ်က ကားရေဆေး မြန်မာ အလုပ်သမား အသတ်ခံလိုက်ရတာပါ။

မလေးရှားသတင်းတွေနဲ့ ပတ်သက်ပြီး ၀ါဒဖြန့်တာ၊ မဟုတ်ပါဘူး၊ သတင်းမှားကြီးပါ လို့ ဆိုသူများ မြင်နိုင်ကြည့်နိုင်အောင် ပါ။



လက်ရှိ မလေးရှားရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အထူး သတိထား နေထိုင်ရမယ့် အချိန်ပါ။ တစ်ဦးတစ်ယောက်တည်း လမ်းသွား လမ်းလာ လုပ်မှုတွေကို ရှောင်ရှားသင့်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကွာလာလမ်ပူ ၊ ဆူဘမ်း ဘက်မှာ အဖွဲ့ပေါင်းစုံဝင်ရောက်ဖမ်းဆီးမှု( အော်ပရာစီ) များ ပြုလုပ်နေတယ်လို့လည်း ဆူဘမ်းမှ သတင်းပေးပို့လာပါတယ်။ ယနေ့မနက်က မြန်မာ လူမျိုး အသတ်ခံလိုက်ရတာကိုလည်း မလေးရှားနိုင်ငံ ရုပ်သံသတင်းဖြစ်တဲ့ TV7, TV1 တွေက ထုတ်လွှင့်ပြသသွားခဲ့သလို တခြား တီဗီလိုင်းတွေကလည်း ထုတ်လွှင့် ခဲ့တယ်လို့ သိရှိရပါတယ်။ လက်ရှိအခြေအနေ အချိန်အခါထိတော့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ချက် တစ်စုံတစ်ရာ မရှိသေးသလို ကပုန်းဘုန်းတော်ကြီး ကျောင်းထိုင်ဆရာတော်ကို မေးမြန်းလျှောက်ထားမှုများမှာလည်း ကပုန်းဘုန်းကြီးကျောင်းသို့ မြန်မာသံရုံးမှ ဒုက္ခသည်များအား လာရောက် ကြည့်ရှုအားပေးမှုမျိုး မရှိသေးသလို ဖုန်းဖြင့်သာ ဆက်သွယ်မေးမြန်းမှုမျိုးရှိတယ်လို့လည်း Myanmar Daily News ကို ပြောပါတယ်။ တစ်ချို့ အခုတ်ခံရတဲ့ သူတွေကို ဆေးရုံတွင် ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပြီး သတင်းဓာတ်ပုံရရှိရေးကိုလည်း ကျနော်တို့ မြန်မာနေ့စဉ်သတင်းမှ ကြိုးစားနေပါတယ်။

Myanmar Daily News
Jun 3, 2013 9:26am

Post a Comment

 
Top