0
ယနေ့ ၁ နာရီ ၄၅ မိနစ်(မလေးစံတော်ချိန်) တွင် ပူချုန်း TESCO အနီး လမ်း ၁၄ (Jalan 14) တွင် မြန်မာနိုင်ငံသား ငါးဦးကို ၀င်ရောက် ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။ ပူချုန်း TESCO အနီး ကွမ်းယာဆိုင်တွင် စကားထိုင်ပြောနေကြသော မြန်မာနိုင်ငံသား ၅ ငါးဦးကို ရဲကားပေါ်ခေါ်တင်ပြီး ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ထိုသူ ၅ ဦးစလုံးတွင် UNHCR ကဒ် ကိုင်ဆောင်ထားသူများ ဖြစ်သော်လည်း ရဲက
ဖမ်းဆီးသွားခဲ့ခြင်းဖြစ်တယ်လို့ Myanmar Daily News သို့ ဖုန်းဆက် အကြောင်းကြား အသိပေးလာပါတယ်။ ထိုသူပြောပြရာတွင် “ နေ့တိုင်း ဒီအနားမှာ လူ ၁၀ ယောက်ထက်မနည်း ထိုင်နေကြပါ..ဘာမှလည်းမဖြစ်ဘူး...ဒီအနားကို အော်ပရာစီ ၀င်မယ် လို့တော့ ပြောသံကြားတယ်..၀င်တာတော့မရှိသေးဘူး။ ဒီအနားမှာက ရခိုင်တိုင်းရင်းသား အများဆုံးနေတာ..တစ်ချို့က ရခိုင်ရွာ လို့တောင်ခေါ်တာ..ဗမာတွေလည်း များတယ်..ထားဝယ်လည်း နေကြတယ်..ကျန်တဲ့ တိုင်းရင်းသားတွေကတော့နည်းတယ်...အများဆုံးကတော့ ရခိုင်ပေါ့..ဒါပေမယ့် UNHCR ကဒ် ရှိကြသူတွေ များတယ်။ ရဲကားက ဆိုင်ရှေ့ထိုးရပ်လာပြီး ကားပေါ်တက် ဆိုပြီး ခေါ်သွားတာ..ခုထိတော့ ဖမ်းခေါ်သွားတဲ့ သူရဲ့ ဖုန်းတွေကို ဖုန်းဆက်တာ မရသေးဘူး..ရဲစခန်းက ဆက်သွယ်လာမှ လိုက်ခေါ်ပေးလို့ရမယ်..UNHCR ကဒ်လည်းရှိနေတော့ သိပ်တော့ မစိုးရိမ်ဘူး” ဟု ၄င်းက ကျွန်တော်တို့ မြန်မာနေ့စဉ်သတင်းသို့ ဖုန်းဆက် အကြောင်းကြား အသိပေးလာခဲ့ပါတယ်။

Post a Comment

 
Top