0

 

(နိဒါန်း)
ဥက္ကဋ္ဌကြီးခင်ဗျား
ကျွန်တော်ဝန်ကြီးချုပ်ရဲ့တာဝန်ကို အခုလိုများလက်ခံရခြင်းဟာ ကျွန်တော် နှင့် တကွအမတ်ပင်းများအားလုံးအမြတ် တနိုးဦးထိပ် ရွက်ပန်ထားတဲ့ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ဒီမိုကရေ စီအစဉ်အလာကို အန္တရာယ်အမျိုးမျိုးက ခြိမ်းခြောက် လာနေတာတွေ့ရတဲ့အတွက် ဒီအန္တရာယ်ကိုကာကွယ်ဖို့တာဝန်ယူ လက်ခံလိုက်ခြင်း ဖြစ်ပါတယ်။
ကျွန်တော်ဒီလိုတာဝန်ယူခြင်းဟာ ပြည်ထောင်စုသားပုဂ်္ဂိုလ်တစ်ယောက်အနေ  နှင့်လည်းကောင်း၊ စစ်သားတစ်ယောက်  အနေနှင့်လည်းကောင်း တာဝန်ရှိတဲ့ အတိုင်းတာဝန်ယူလိုက်ခြင်းပဲဖြစ်ပါတယ်။
ဒါကြောင့် ပါလီမန်ကပေးအပ်တဲ့ ဒီတာဝန်ကြီးကို ကျွန်တော်ရဲရဲဝံ့ဝံ့လက်ခံ လိုက်ခြင်းပဲဖြစ်ပါတယ်။
(ဗိုလ်ချုပ်ကြီးနေ၀င်း)

၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရ၀န် ကြီးချုပ်အဖြစ် ၁၉၅၈ အောက်တိုဘာ ၃၁ ရက် ပြည်သူ့လွှတ်တော်မှာပြောကြား  သော မိန့်ခွန်းပြောရလျှင် အခြေခံဥပဒေ နှင့် ဒီမိုကရေစီအစဉ်အလာကို အန္တရာယ် အမျိုးမျိုးကြားမှ အကာအကွယ်ပေးသူ အဖြစ်၊ (မယူလိုသော်လည်း) ၀န်ကြီးချုပ် တာဝန်ယူလိုက်ရရှာသူပုဂ်္ဂိုလ်ကြီးအား  အပေါ်ယံကြည့်လျှင် တိုင်းပြည်၏ကျေးဇူး ရှင်ပုဂ်္ဂိုလ်အဖြစ်ကျေးဇူးအနန္တတင်ထိုက်လှ ပါ၏။ ထိုပုဂ်္ဂိုလ်ကြီးကားဗိုလ်ချုပ်ကြီး နေ၀င်းပင်။
စာစုခေါင်းစည်း၏အာဏာသိမ်းတာ လား။ အာဏာလွှဲပြောင်းတာလားဆိုသည်   ကိုသိရှိရန်မူ ၁၉၅၈ ခုနှစ်ကာလတိုင်းပြည်  ၏နောက်ခံအခြေအနေကို တင်ပြရန်လို မည်ထင်သည်။ အခြေခံကား ၁၉၅၈ ခုနှစ် သန့်ရှင်းတည်မြဲအကွဲအပြဲ။ ယင်းအကွဲ အပြဲအားအခြေခံကာ ၁၉၅၈ ခုနှစ် ဇွန် လ ၅ ရက်နေ့မှာ လွှတ်တော်အထူးအစည်း    အဝေးကြီးကျင်းပ၏။
လွှတ်တော်ပါလီမန်ဥက္ကဋ္ဌသည်ဦးဗဆွေ ၏ “နုတင်အစိုးရအပေါ်အယုံအကြည်မရှိ အဆိုအား တင်သွင်းဖို့နှင့် မဲခွဲဆုံးဖြတ်ရန် ဇွန်လ ၉ ရက်နေ့ကို သတ်မှတ်ပေး၏။ ဇွန်လ (၉) ရက်နေ့မှာ လွှတ်တော် အစည်းအဝေးပွဲကြီးကျင်းပပုံ၊ အဆိုတင် သွင်းမဲပေးကြပုံ၊ မဲခွဲပုံအား ရေဒီယိုမှ တိုက်ရိုက်အသံလွှင့်ပေးမည်ဖြစ်၍ ရေဒီယိုနားထောင်သူပြည်သူများ တိုင်း ပြည်ကံကြမ္မာအားရင်တထိတ်ထိတ်။ တည်မြဲ(ဆွေငြိမ်းခေါင်းဆောင်) ဦးဗဆွေ “ဦးနုအစိုးရ”အား အလိုမရှိအဆိုစတင် တင်သွင်း၏။
“ဦးနုဟာအဖွဲ့အစည်းဒီမိုကရေစီထုံး တမ်းစဉ်လာပါလီမန်ထုံးတမ်းစဉ်လာနဲ့ ကိုယ့်သိက္ခာကိုယ်လေးစားရင်ဒီအယုံအကြည် မရှိအဆိုဆိုတာဒီလွှတ်တော်မှာပေါ်လာ  စရာအကြောင်းမရှိ”
“ဦးနုရဲ့လည်မြိုကိုညှစ်ပြီး၊ ပ.မ.ည တ.က သူတို့ရဲ့ လိုလားချက်တွေ တစ်ခု ပြီးတစ်ခုတောင်းတာကို ဦးနုလိုက် လျောရမှာပဲ။ ဒါတွေကို ထောက်ရူရင် ဦးနုအစိုးရဟာပမညတကြိုးဆွဲရာကမယ် ရုပ်သေးအစိုးရဖြစ်တယ်ဆိုတာသေချာ တယ်”
“ဦးနုဟာဒီမိုကရေစီဆိုတဲ့စကား၊ နှုတ်ဖျားမှာသီးနေတဲ့ ပုဂ်္ဂိုလ်ဖြစ်ပေမယ့် လက်တွေ့မှာ ဒီမိုကရေစီကို မလေး စားတဲ့ ပုဂ်္ဂိုလ်ဖြစ်တယ်။ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေက ပေးအပ်တဲ့ အာဏာ များကို မိမိအာဏာတည်မြဲရေးအတွက်  အနည်းနည်းအဖုံဖုံအသုံးပြုတယ်။”
ဦးဗဆွေ၏အပြင်းအထန်ဆုံးစွဲချက်  ကား ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စက္ကူစုတ်ဖြစ်အောင်လုပ်သည်ဆိုခြင်း။
ဘာပဲဖြစ်ဖြစ်မဲပေးနိုင်သူလွှတ်တော်  အမတ် ၂၄၆ ဦးမဲပေးပြီးနောက်မဲများ စတင်ရေတွက်သည့်အခါညနေ ၆ နာရီ ၁၉ မိနစ်ရှိပြီ။
မဲရလာဒ်ကားသန့်ရှင်းဖဆပလနုတင် က ၁၂၇ မဲ၊ တည်မြဲဆွေငြိမ်းက ၁၁၉မဲ။  ၈ မဲတည်းနှင့် နုတင်အသာစီးရကာ၊ အနိုင်ရပြီ။ ဆွေငြိမ်းတည်မြဲ၏။ အစိုးရ အပေါ်အယုံအကြည်မရှိအဆိုကားရှုံးနိမ့် ပြီ။ ဆိုကြစို့။နုတင်သန့်ရှင်းအစိုးရအနိုင်ရ ၍ ပြည်သူတစ်ရပ်လုံးကားဝမ်းမြောက်ဝမ်း  သာ။ ဗိုလ်ချုပ်နေ၀င်း၏ စစ်တပ်အတွင်း က ဆွေငြိမ်းလိုလားသူများကားမခံချိမခံ  သာ။
တည်မြဲဆွေငြိမ်းရှုံးနိမ့်ရမှုအပေါ်ဆွေ့ ဆွေ့ခုန်ကာ မခံမရပ်နိုင်ဖြစ်သူကားထိုစဉ်  က မြောက်ပိုင်းတိုင်း၊ တပ်မဟာမှူးဗိုလ်မှူးကြီး  ကြည်ဝင်းဗိုလ်မှူးကြီးကြည်ဝင်းသည်ထိုစဉ် ကမြောက်ပိုင်းတိုင်း၊ တိုင်းမှူးဗိုလ်မှူးချုပ် အောင်ရွှေ၊မြောက်ပိုင်းတိုင်း၊ စစ်ဦးစီးမှူး၊ ဗိုလ်မှူးကြီးချစ်ခိုင်တို့နှင့် ပူးပေါင်းပြီး တပ်ကအာဏာသိမ်းရေးအားပြင်ဆင်စိုင်း ပြင်းခဲ့သည်ဟုအဆိုရှိ၏။
“သန့်ရှင်းတွေ ဖိလို့၊ လွှတ်တော်မှာ ၈ မဲ ရှုံးနဲ့ ဦးဗဆွေတို့အပြင်တောင်မထွက် ရဲဖြစ်နေပြီ။ သန့်ရှင်းအစိုးရကို တပ်က လက်နက်နဲ့ ဖြုတ်ချပစ်ရမယ်”ဟု ခံစား ပေါက်ကွဲကြေညာပြောဆိုကာဗိုလ်မှူးကြီး  ကြည်ဝင်းလှုပ်ရှား၏။ ဗိုလ်ချုပ်နေ၀င်းကို  တင်ပြခွင့်တောင်း၏။ ဗိုလ်ချုပ်နေ၀င်းကား  အာဏာသိမ်းရေးအစီအစဉ်ကို ကြိုက်နှစ် သက်သော်လည်း ဘာမှပြောဆိုခြင်းမပြု။  တားမြစ်ဟန့်တားခြင်းလည်းမပြု။ နိုင်ငံ ရေးအရသန့်ရှင်းတည်မြဲအကွဲအပြဲကား နယ်ပယ်ပေါင်းစုံကို ဂယက်ရိုက်နေပြီ။
“ဗမာ့တပ်မတော်က ဦးစီး၍ (ကွန်မြူ နစ်မဟုတ်သော) လွှတ်တော်အတွင်းအပြင် ရှိပါတီပေါင်းစုံပါဝင်သောယာယီအိမ်စောင့်  အစိုးရဖွဲ့စည်းရန် တောင်းဆိုပါတယ်” ဤ ကားတပ်မတော်ကိုအာဏာသိမ်းဖို့၊ သွေး ထိုးလှုံ့ဆော်၊ မြှောက်ပင့်ကြသူများအနက်  မှထိုစဉ်က ဒီမိုကရက်တစ်အဖွဲ့ချုပ်ပါတီ ခေါင်းဆောင်သခင်ဗစိန်အချိန်ကိုက်ပြော ဆိုလာခြင်း။
ဗိုလ်ချုပ်နေ၀င်းကားတစ်စုံတစ်ရာ  အသံဘာမှပြန်မပေးဘဲ အခြေအနေကို သာအဆက်မပြတ်အကဲခတ်ကြည့်လျက်  သည်ကြားထဲ သန့်ရှင်းကို ၈ မဲတည်းနဲ့ ကပ်ရှုံးခဲ့ရသည့်တည်မြဲဖဆပလကလည်း   မစားရတဲ့အမသဲနဲ့ ပက်သလိုဦးနု(နုတင်) အုပ်စု၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို  ချိုးဖောက်နေတယ်ဆိုတာအကြောင်းပြပြီး  အာဏာသိမ်းယူဖို့ စစ်တပ်ကိုအားပေး အားမြှောက်ပြုနေပြန်ပြီ။ ထိုစဉ်မန္တလေး  သို့ခရီးထွက်နေသော ဦးနုပြန်အရောက် ပြည်ထဲရေးဝန်ကြီးဗိုလ်မင်းခေါင်က၀န်ကြီး  ချုပ်အား အရေးတကြီးသတင်းတစ်ပုဒ် အစီရင်ခံ၏။ ထိုအစီရင်ခံချက်ကားစစ် တပ်က အာဏာသိမ်းဖို့စီစဉ်နေကြောင်း၊ အရေးအကြောင်းကြီး၍ ၀န်ကြီးချုပ်ဦးနု ထွက်ပြေးတိမ်းရှောင်ချင်လျှင် တိမ်းရှောင် နိုင်ရန် လေယာဉ်တစ်စင်းအသင့်လုပ်ထား  ကြောင်းဆိုသော်လည်း ၀န်ကြီးချုပ်က ဗိုလ်မင်းခေါင်အား ဗိုလ်မှူးချုပ်မောင်မောင်  နှင့် ဗိုလ်မှူးချုပ်အောင်ကြီးကို သူ့ဆီခေါ် ခဲ့ဖို့အမိန့်ပေး၏။
ဗိုလ်မှူးချုပ်မောင်မောင်နှင့် ဗိုလ်မှူး  ချုပ်အောင်ကြီးတို့က၀န်ကြီးချုပ်အား လာရောက်တွေ့ဆုံကာသူတို့ဘက်မှ စွပ်စွဲ တိုင်တန်းစကားကို ၀န်ကြီးချုပ်အား ပြော၏။ “သန့်ရှင်းကရဲဘော်ဖြူနဲ့ ပေါင်းပြီးတပ်ကိုဖျက်ရန် “စ” ကြံတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းကို တောင်လုပ်ကြံရန် ကြံစည်လို့တပ်ကမခံချင်လို့အုံကြွကာ လှုပ်ရှားနေခြင်းဖြစ်တယ်။ မိမိတို့က ငြိမ်သက်အောင်၊ ပေါက်ကွဲမှုမဖြစ်အောင် ထိန်းနေရတယ်။ ဘယ်လောက်ကြာကြာ ထိန်းနိုင်မယ်မသိပါ”ဆိုသော စွပ်စွဲစကား။ ထိုနေ့ကား ၁၉၅၈ စက်တင်ဘာ ၂၄ နောက်နေ့ စက်တင်ဘာလ ၂၅ ရက် နေ့မှာ စစ်တပ်မှ ရန်ကုန်တစ်ဝိုက်သိမ်း၊ ကင်းပုန်းချ၊ လေဆိပ်သိမ်း၊ အမြောက် တွေတာပြုလုပ်လာ၏။ မန္တလေး၊ မြစ်ကြီး နား၊ လားရှိုးမြို့ကြီးများကိုလည်း      ထိန်းချုပ်သိမ်းဆည်းထား၏။
ထိုစဉ်က နုတင်အစိုးရ၏ပြည်ထဲ ရေးဝန်ကြီးဗိုလ်မင်းခေါင်၏ဆင့်ခေါ်ချက် အရ ဆင်းလာသည့်စစ်ရဲတပ်အား လမ်း  ခရီးမှဆီးဖမ်း၏။ ပြောရလျှင် စစ်တပ်မှ အာဏာသိမ်းသည်ဟုမကြေညာဘဲယာယီ  လက်ဦးမှုရှိရှိသိမ်းပိုက်ထားခြင်း။ ယင်းနေ့ မှာပင် ၀န်ကြီးချုပ်ဦးနုကားသန့်ရှင်းခေါင်း  ဆောင်အားလုံးအားခေါ်ယူဆွေးနွေးနိုင် ခြင်းမရှိတော့ဘဲ ခေါင်းဆောင်တချို့ဖြင့် သာ တိုင်းပြည်အာဏာလမ်းကြောင်း  အား လမ်း “ရွေး” ရပြီ။
ရွေးလိုက်သောလမ်းကြောင်း ကား စစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်ခြင်း မပြုလုပ်ဘဲ တရားမျှတသည့်ရွေးကောက်  ပွဲပြုလုပ်ပေးဖို့ကတိပြုခိုင်းမည်။
ထိုသဘောတူချက်အခြေအနေတွေ ပြန်လည်ကောင်းမွန်လာသည့်အခါမှ နိုင်ငံရေးအာဏာကို ရွေးကောက်ပွဲနည်း ဖြင့် ပြန်လည်ရယူမည်။ယင်းလမ်းသည် သာလျှင် မိမိတို့အတွက်အခွင့်အလမ်းသာ  စေနိုင်မည်။ စက်တင်ဘာလ ၂၆ ရက်နေ့ မှာ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်  အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေတို့သုံးဦး  ၀န်ကြီးချုပ်အားလာတွေ့၏။
“ခင်ဗျားတို့ မြို့တွင်းမှာ တင့်ကားတွေ  သံချပ်ကာ၊ ကားတွေအမြောက်ကြီးတွေ နဲ့ ဘာလုပ်နေကြတာလဲ”
ဝန်ကြီးချုပ်ဦးနု၏ အမေးစကား။
“တပ်မတော်က အာဏာသိမ်းလိုက် ပါပြီ။ အချက်အချာကျတဲ့နေရာတွေမှာ တပ်စွဲထားပါပြီ။ အဲဒါကြောင့် ၀န်ကြီး တွေရုံးမတက်ကြပါနဲ့”
စစ်ဗိုလ်ချုပ်ကြီးများ၏ အဖြေစကား။
“အာဏာမသိမ်းကြနဲ့။ တပ်ရော တိုင်းပြည်ပါနာမည်ပျက်မယ်။ လက်ရှိ အစိုးရကို လက်မခံနိုင်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးပါမယ်လို့ စစ်တပ်က ကတိပေးရင်စစ်တပ်ကို အာဏာလွှဲပေးမယ်။ ဒီလိုအာဏာလွှဲပေး ဖို့အတွက် လွှတ်တော်ခေါ်မယ်။ ကျုပ် ၀န်ကြီးချုပ်ရာထူးကထွက်ပြီး၊ ဗိုလ်ချုပ် ကြီးနေ၀င်းကို ၀န်ကြီးချုပ်အဖြစ်ရွေးကောက် တင်မြှောက်အောင်အဆိုတင်ပေးမယ်” ထိုစဉ်က အာဏာတောင်းပွဲမအောင်မြင် လျှင် ၀န်ကြီးချုပ်ဦးနုအိမ်ကိုလည်း အမြောက်ကြီးများဖြင့်ချိန်ထားပြီးပြီ။
ယင်းနေ့စက်တင်ဘာလ ၂၆ ရက် ညမှာ ၀န်ကြီးချုပ်ဦးနု၏တိုင်းပြည်သို့ အရေးတကြီးပြောကြားသော မိန့်ခွန်းရေ ဒီယိုမှ ထွက်ပေါ်လာ၏။
၁၉၅၉ ခုနှစ် ဧပြီလမှာ လွတ်လပ် ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကြီးကျင်းပ ပေးပါရန် ဗိုလ်ချုပ်ကြီးနေ၀င်းအား ဖိတ်ကြားကြောင်း၊ ဗိုလ်ချုပ်ကြီးနေ၀င်းမှ လက်ခံသည့်အတွက် ၀မ်းသာကြောင်း၊ ပြည်သူလူထုကြီးက ဗိုလ်ချုပ်ကြီးနေ၀င်း ကို လက်ခံကြစေလိုကြောင်း မိန့်ခွန်း။
သြော်အာဏာအသိမ်းခံရသည်ကိုပင်   သူကိုယ်တိုင်က လိုလိုလားလားဖိတ်ကြား  ပြီး တိုင်းပြည်၏ငြိမ်ဝပ်ပိပြားရေးအား ထိန်းသိမ်းစောင့်ရောက်ပေးဖို့၊ မေတ္တာရပ် ခံအပ်နှံလိုက်ရသည့်ပုံစံမျိုးဖော်ကျူးသော ပလီပလာဇာတ်လမ်း။
စစ်တပ်အာဏာသိမ်းပွဲကို ဖိတ်မန္တက ပြုအာဏာလွှဲပြောင်း အာဏာအပ်နှင်းပွဲ ဖြစ်အောင်အစွမ်းကုန်သရုပ်ဆောင်ခဲ့သော် ငြား ထိုစဉ်က၀န်ကြီးချုပ်ဦးနု၏ အသံမှာ  “မောသံ” ပါနေသည်ဟုအဆိုရှိ၏။ ပြောရ လျှင် ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ အဖြစ်အပျက်ကားရေမရောသော  စစ်တပ်အာဏာသိမ်းမှုစစ်စစ်ဖြစ်၏။
ဦးနု၏နိုင်ငံရေးကုလားဖန်ထိုး နိုင်ငံ ရေးကစားကွက်ဉဏ်နီဉဏ်နက်မျိုးစုံ ကြောင့် စစ်တပ်အာဏာသိမ်းမှုကာ စစ်တပ်အားအာဏာလွှဲပြောင်းမှုအဖြစ် ပုံပျက်ပြောင်းလဲသွားခြင်း။
ရေရှည်အာဏာဆုပ်ကိုင်ခွင့်မရ သော်လည်း ဗိုလ်ချုပ်နေ၀င်း၏စစ်တပ် ဘက်မှကြည့်လျှင် အာဏာလည်းရသေး၊   တိုင်းပြည်ကျေးဇူးရှင်လည်း ဖြစ်လိုက်ရ သေးတို့အပြင် အာဏာအသိမ်းခံရသူ၏  ချီးကျူးထောပနာပေးခြင်းကိုပင် အဆစ် ရလိုက်သေး။ အလိုအလျောက်အမြတ် ထွက်ကာစင်မြင့်ပေါ်ရောက်သွားသူက ဗိုလ်ချုပ်နေ၀င်း။
(နိဂုံး)
သြော် ထိုစဉ်ကာလ၀န်ကြီးချုပ် တာဝန်မယူလိုဘဲနှင့် ယူလိုက်ရရှာသူ ဗိုလ်ချုပ်နေ၀င်းပြည်သူဘက်မှာကား ထိုမှစကာစစ်တပ်အာဏာသိမ်းမှုတည်း ဟူသောမကောင်းသည့်အစဉ်အလာ ဆိုးကြီးအားတောက်လျှောက်ခံစားခဲ့ရကာ စစ်တပ်၏အပြုတ်တိုက်ရေးလမ်းစဉ်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအလားအလာပျက် သုဉ်းမှုအားယနေ့ကာလထိ တိုင်ခံစားနေ ရဆဲ။

စည်သူမြသန်း

Post a Comment

 
Top