အပြည်ပြည်ဆိုင်ရာ
မြန်မာ့လေကြောင်းလိုင်း (MAI) က ပျံသန်းပြေးဆွဲနေတဲ့ ရန်ကုန် ကွာလာလမ်ပူ
ခရီးစဉ်ကို ယခု ဇွန်လ ၁၂ ရက်နေ့မှ ဇွန်လိုင်လ ၁၂ ရက်နေ့ထိ အတွင်း
လေယာဉ်စီးနင်းခ ဈေးနှုန်းကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးသွားမယ်လို့
သိရပါတယ်။
“၅၀ ရာခိုင်နှုန်းဆိုတာ
ပုံမှန်ထက်ကို ထပ်ပြီးလျှော့ပေးထားတဲ့အတွက် အမေရိကန် ဒေါ်လာ ၇၀ နဲ့
ကွာလာလမ်ပူ က နေ ရန်ကုန်ကို ဈေးသက်သက်သာသာ အဆင်ပြေပြေနဲ့
ပြန်လာလို့ရပါတယ်”လို့ MAI ရဲ့ ဈေးကွက်နဲ့ ပြည်သူ ဆက် ဆံရေး မန်နေဂျာ
ဒေါ်အေးမြသာ က ကြေးမုံသတင်းစာကို ပြောထားပါ တယ်။
မကြာသေးခင်က မလေးရှားနိုင်ငံမှာ
မြန်မာနိုင်ငံသား တချို့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခံရမှုကြောင့် မလေးရှား
ရောက် မြန်မာတွေ စိုးရိမ်မှုများဖြစ်လာနေလို့ စာနာထောက်ထားမှုတွေ ပြသကြပြိး
မြန်မာနိုင်ငံ က ခရိုနီကြီးတွေကပါ စအမေရိကန်ဒေါ်လာငွေတွေ လှူဒါန်းမှု တွေ
လုပ်နေရာမှာ MAI ကလည်း အခုလို အထူးအစီအစဉ်နဲ့ ပါဝင်လာတာ လည်းဖြစ်ပါတယ်။
(MAI) လေကြောင်းလိုင်းဟာ မလေးရှားနိုင်ငံ ခရီးစဉ်ကို တပတ်လျှင် သုံးကြိမ်၊ ပျံသန်းပြေးဆွဲပေးနေ တာဖြစ်ပါတယ်။
မလေးရှားမှာ လတ်တလောဖြစ်ပေါ်နေတဲ့
မတည်ငြိမ်မှု၊ စိုးရိမ်မှုတွေကြောင့် မြန်မာနိုင်ငံကို ပြန်လာ လိုသူ တွေအတွက်
ယခုလို အထူးအစီအစဉ်နဲ့ ထက်ဝက်လျှော့ချပြိး ပျံသန်းပြေးဆွဲမှာ ဖြစ်ပါတယ်။
ယခင်က ကွာလာလမ်ပူမှ ရန်ကုန်သို့
ပုံမှန်ဈေးနှုန်းမှာ ဒေါလာ၂၀၀ ကျော် ကျသင့်ခဲ့တာပါ။
အခု MAI ရဲ့ အထူးအစီအစဉ်အရ အရေးပေါ် လိုအပ်လာခဲ့မယ်ဆိုရင်တော့ သက်ဆိုင်ရာ
မြန်မာသံရုံးနဲ့ ညှိနှိုင်းပြီး စင်းလုံးငှား လေယာဉ်နဲ့လည်း
ပြေးဆွဲသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။
အခုလို အထူးအစီအစဉ်တွေနဲ့
ပြေးဆွဲသွားနိုင်ဖို့ ကမ္ဘောဇ ဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက မတည်ငွေ အမေရိကန်
ဒေါ်လာ ၅၀၀၀ ကနဦး လှူဒါန်းထားကြောင်းလည်း ကြေးမုံသတင်းစာက ဆိုပါတယ်။
မလေးရှားနိုင်ငံက မြန်မာလုပ်သားတွေ
မြန်မာနိုင်ငံကို ပြန်လာချင်တယ်ဆိုရင် MAI နဲ့ ဆက်သွယ်ပြန်
လာနိုင်ဖို့အတွက် MAI မလေးရှား ရုံးခွဲ ဖုန်းနံပတ် ၆၀၃- ၂၀၇၂၁၂၆၁ ကို
ဆက်သွယ်နိုင်ကြောင်း အသိပေးထားပါတယ်။
အိမ့်သံစဉ် ~
Subscribe to:
Post Comments (Atom)

Post a Comment