““ကျွန်မတို့ ကရင်ပြည်နယ် မှလည်း လွှတ်တော်ကိုယ်စားလှယ် ထဲကနေပြီးတော့ ကော်မရှင်ထဲ ပါတဲ့သူရှိပါတယ်။ သူ့ကို ကျွန်မ တို့မြေသိမ်းခံရလို့ အကူအညီ တောင်းတဲ့အခါ အဆင်မပြေတာ မျိုးတွေရှိနေပါတယ်။ ပြည်သူ့ ကိုယ်စားလှယ်ဆိုတာ ပြည်သူ တွေရဲ့ဆန္ဒမဲနဲ့ လွှတ်တော်ထဲကို သွားပြီး မဲဆန္ဒရှင်ပြည်သူတွေ အကျိုးသယ်ပိုးရတာပါ။ ပြောရ ရင် ပြည်နယ်ထဲမှာဖြစ်နေတဲ့ မြေ သိမ်းခံရမှုတွေနဲ့ပတ်သက်ပြီး ဒေသခံကော်မရှင်အဖွဲ့ဝင်ရဲ့ ဆောင်ရွက်ချက်ဆိုတာတွေကို လုံးဝအားမရဘူး။ ခုဂျာနယ်တွေ မှာတွေ့ရတယ်။
ကော်မရှင်အဖွဲ့ ခွဲ(၁)က အဘဦးအောင်သိန်းလင်း အပါအ၀င် ဒေါ်ခင်ဝိုင်းကြည်တို့၊ ဦးအောင်ဇင်တို့လုပ်နေတာတွေ အရမ်းအားရဖို့ကောင်းတယ်။ သူတို့ခမျာ မမောနိုင်မပန်းနိုင် တစ်နေကုန်တစ်နေခမ်းကို လယ် သိမ်းခံရသူတွေအတွက် လိုက် လုပ်နေတာ။ ကျွန်မတို့ ကရင် ပြည်နယ် ဘားအံမြို့နဲ့ဆက်စပ် မြို့နယ်တွေမှာဖြစ်နေတဲ့ မြေသိမ်း မှုတွေ၊ တပ်မြေသိမ်းမှုတွေကြောင့် ပြည်သူတွေနစ်နာရတာတွေကို လည်း အပြီးကွင်းဆင်းကြည့်ပေး ပါ။ မျှော်လင့်ချက်မဲ့နေတဲ့ လယ် သိမ်းခံတွေ အဘဦးအောင်သိန်း လင်းတို့သာလာမယ်ဆိုရင် ရာ ထောင်ချီပြီး ကြိုဆိုကြမှာပါ””ဟု ဘားအံမြို့နယ်တွင်း လယ်မြေ အသိမ်းခံရသူတစ်ဦးက ကျန် လယ်မြေအသိမ်းခံရသူများ၏ ကိုယ်စား ရင်ဖွင့်ပြောကြားသွား ခဲ့သည်။
ကရင်ပြည်နယ်တွင်း လယ် သမားနစ်နာရသည့် လယ်မြေ သိမ်းဆည်းခံရမှုများအနက် (၂၀၃) ခြေလျင်တပ်ရင်းက သိမ်း ဆည်းထားသော လှိုင်းဘွဲ့မြို့ ထီလုံကျေးရွာတွင်းမှ မြေသိမ်းခံ ရမှုများ၊ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီခေတ်ကတည်းက စတင် သိမ်းဆည်းခံရပြီး ယနေ့ထိ ထူးခြားမှုမရှိဘဲ မြေပြန်လည် ရရှိခြင်း လုံးဝမရှိသေးသည့် ဘားအံမြို့လှောကာကျေးရွာ၊ ဖားပုကွင်းတွင်းမှ မြေယာသိမ်း ဆည်းခံရမှုများမှာ လုံးဝထူးခြား ခြင်းမရှိသေးကြောင်း သိရှိရသည်။
ခန့်ခန့်(ဒဿနိက)
Post a Comment