မန္တလေးတိုင်းဒေသကြီး
မန္တလေးမြို့ အ.ထ.က (၃)ကျောင်းရှေ့တွင် ပဋိပက္ခဖြစ်ပေါ်နေသည်ဟု သတင်းများ
ထွက်ပေါ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း မန္တလေးမြို့ အမှတ် (၁)ရဲစခန်း တာဝန်ကျ
ရဲဝန်ထမ်းများထံက သိရှိရသည်။
“မနက်ကအဲ့ဒီလိုဖြစ်သွားတယ်ဆိုတာမဟုတ်ပါဘူး။ ဘာမှလည်းမဖြစ်သွားပါဘူး။ ကလေးတွေလည်းကျောင်းတက်နေတာ အေးအေးဆေးဆေးပါပဲ။” ဟု မန္တလေးမြို့၊ အမှတ်(၁)ရဲစခန်းမှ တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
ကောလဟလသတင်းများသည်
ဇွန်လ (၅)ရက်နေ့ နံနက်ပိုင်း ကျောင်းတက်ချိန်အတွင်း သတင်းများ
ပျံနှံ့ခဲ့ပြီး ကျောင်းသားမိဘများနှင့် ဒေသခံများအကြား
စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိသည်။
"လူနှစ်ယောက်
ဆိုင်ကယ်တစ်စီးနဲ့ မီးရှို့ပစ်မယ်လို့ ကျောင်းရှေ့မှာအော်သွားပြီး
မြို့သစ်အထိကို ဆက်အော် သွားကြတယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး"ဟု
ကျောင်းသားမိဘတစ်ဦးက ပြောသည်။
ဆိုင်ကယ်တစ်စီးမှ
မောင်းနှင်လာသူနှင့် စီးနှင်းလာသူ နှစ်ဦးမှ အထက(၃)ရှေ့တွင် နံနက် ဆယ်နာရီ
မိနစ် ငါးဆယ်ခန့်က မီးရှို့ပစ်မည်ဟု အော်ဟစ်ခဲ့ကြောင်း ဒေသခံများထံက
သိရှိရသည်။
"ဒီလိုမျိုး
အော်ဟစ်ပြောဆိုပြီး ပြည်သူတွေကို ထိတ်လန့်အောင် ပြောဆိုတဲ့
သူကိုမိအောင်ဖမ်းပြီး အရေးယူသင့် တယ်။ ဒါမှလည်း မဖြစ်သင့်တာတွေ
ဖြစ်မလာနိုင်မှာ။"ဟု မန္တလေးမြို့ အောင်မြေသာဇံမှ ဒေသခံတစ်ဦးက ပြောသည်။
၂၀၁၃
ခုနှစ် မတ်လပိုင်းအတွင်း မိထ္ထီလာမြို့တွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး
မေလပိုင်းတွင်းလည်း လားရှိုးမြို့၌ ထပ်မံဖြစ်ပွားခဲ့သောကြောင့်
အခြားဒေသများသို့ ဆက်လက်ကူးစက်လာမည်ကို ပြည်သူများအနေဖြင့်
စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။
ကောင်းမြတ်ဖြိုး
( မြစ်မခ )
Post a Comment