မြန်မာနိုင်ငံတွင်း မြို့ကြီးအချို့တွင် ပဋိပက္ခဖြစ်ကာ အကြမ်းဖက်သတ်ဖြတ် မီးရှို့မှုများ ဖြစ်ပွားခဲ့
သော်လည်း မန္တလေးမြို့တွင်မူ ထိုသို့ဖြစ်ပွားခြင်းမရှိ သည်မှာ သံဃာထုက မားမားမတ်မတ် ရပ်
တည်နေခြင်းကြောင့်ဖြစ်ကြောင်း ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ကော်မ
တီဝင်များက ပြောသည်။
မေလအတွင်း မိတ္ထီလာ၊ ဥက္ကံ စသည် တို့တွင် ပဋိပက္ခဖြစ်စဉ်များရှိခဲ့ပြီး လတ် တလောတွင်
လားရှိုးမြို့၌ ဖြစ်ပွားခဲ့ ကြောင်း၊ မန္တလေးမြို့တွင်လည်း အနည်း ငယ် ရုတ်ရုတ်သဲသဲဖြစ်ခြင်းများ
ရှိခဲ့သော် လည်း သံဃာထုနှင့်တာဝန်ရှိသူများ၏ ထိန်းသိမ်းမှုကြောင့် အေးချမ်းမှုရနေ ခြင်းဖြစ်
ကြောင်း ကော်မတီဝင် ဒေါ်ဝင်း မြမြက လားရှိုးမြို့ပဋိပက္ခဖြစ်စဉ် စတင် ဖြစ်ပွားပြီး နောက်တစ်
ရက်ဖြစ်သည့် မေလ ၂၉ ရက်တွင် ကျင်းပခဲ့သော ကော်မတီ၏ အထူးအစည်းအဝေးတွင်
ပြောသည်။
"မန္တလေးမြို့မှာ ဆရာတော်တွေက မားမားမတ်မတ် ရပ်တည်ပေးနိုင်တဲ့ အတွက် တခြားမြို့တွေ
လို မဖြစ်ခဲ့ပါဘူး။ ဒါမျိုးကိစ္စတွေကို ဆရာတော်သံဃာ တော်တွေပဲ ထိန်းသိမ်းနိုင်ပါတယ်။ ပြီးခဲ့
တဲ့ မေလဆန်းမှာ ၃၅ လမ်းပေါ်မှာ ညပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေမှာ လည်း ဆရာတော်ကြီး
တချို့ရောက်လာ ပြီး ဖျောင်းဖျတဲ့နောက် လူစုပြန်ကွဲသွားခဲ့ တာပါ။ နိုင်ငံတော်အနေနဲ့ လုံခြုံရေး
တွေ ကို အခင်းဖြစ်တဲ့နေရာတွေမှာ အချိန်နဲ့ တစ်ပြေးညီ ချပေးထားနိုင်ရင် ဒီလိုပဋိပက္ခ ဖြစ်စရာ
အကြောင်း ပိုနည်းသွားနိုင်ပါ တယ်"ဟု ဒေါ်ဝင်းမြမြက ပြောသည်။
ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးသိန်း ၀င်းအောင်ကလည်း ပုဒ်မ ၁၄၄ ထုတ် ပြန်ပြီးပါက ၎င်းထုတ်
ပြန်ချက်အတိုင်း အတိအကျလုပ်ဆောင်လျှင် ဖြစ်ပွားမှု လျော့နည်းနိုင်ကြောင်း ပြောသည်။
"လုံခြုံရေးအတွက် ပုဒ်မ ၁၄၄ ထုတ် ပြီးရင် (မသမာမှုလုပ်ဖို့ ကြံစည်သူတွေကို) ပစ်သင့်ပါတယ်"
ဟု၎င်းက ပြောသည်။
ကော်မတီနာယကဖြစ်သူ မစိုးရိမ် ကျောင်းတိုက်မှ ဆရာတော်ဦးဝီရသူ ကမူ လတ်တလောတွင်
မန္တလေးမြို့၌ ထူးခြားသောဖြစ်စဉ်မရှိဘဲ မကြာခင်က ဖြစ်ပွားခဲ့သော အစ္စလာမ်ဘာသာဝင် တစ်
ဦး မောင်းလာသည့် ဆိုင်ကယ်က ဆွမ်းခံကြွလာသောသံဃာကို တိုက်မိ ခြင်းမှာလည်း တမင်
လုပ်ကြံခြင်းမဟုတ် ဘဲ မတော်တဆမှုသာဖြစ်ပြီး ၎င်းအမှုကို ကျေအေးစေရန်လည်း ညှိနှိုင်း
ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ၎င်းအပြင် မြန်မာ ကောင်လေးနှင့် မွတ်စလင်ကောင်မ လေးသမီး
ရည်းစားကိစ္စတွင် ကောင်လေး မှာ အိမ်ကျော်နင်းမှုဖြင့် ထောင်ချခံထား ရရာ ကော်မတီက နှစ်
ဖက်အဆင်ပြေစေ ရေး ကြားဝင်ဆောင်ရွက်သွားကြရန်မိန့်ကြားခဲ့သည်။
ကော်မတီဝင် ဦးမောင်မောင်ကမူ သံဃာတော်များကို ကျေးဇူးတင်ကြောင်း၊ လူထုအတွက်
ဆက်လက်ရပ်တည် ပေးပါရန်နှင့် ၁၉၈၈ ခုနှစ် အရေး အခင်းကာလတွင်လည်း သံဃာထုအား
ကြောင့်သာ မန္တလေးမြို့တွင် ထိခိုက် ပျက်စီးမှုနည်းခဲ့ကြောင်း ပြောသည်။
ယခုကျင်းပခဲ့သော ကော်မတီ အစည်း အဝေးတွင် မေလ ၂၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်
တွင် စတင်ဖြစ် ပွားသော လားရှိုးမြို့ ပဋိပက္ခဖန်တီးမှု၊ အကြမ်းဖက်မှုများနှင့်ပတ်သက်၍ နိုင်ငံ
တော်အတွင်း မည်သည့်ဒေသမျှ ထပ်မံမဖြစ်ပွားစေချင်ကြောင်း သဘော ထားထုတ်ပြန်ချက်
အဖြစ် အကြမ်းဖက် ရန်စမှုများ ရပ်တန့်ကြရန်၊ ဥပဒေမဲ့ တုံ့ပြန်မှုများ ချက်ချင်းရပ်ကြရန်၊ လူသား
အချင်းချင်း စာနာစိတ်များထားကြရန် မေတ္တာရပ်ခံခဲ့သည်။
အဆိုပါကော်မတီကို ပြီးခဲ့သောမတ် လကုန်က စတင်ဖွဲ့စည်းကာ ရပ်တည်ခွင့် သက်တမ်း သုံးလ
ရရှိထားကြောင်း သိရသည်။
Myanmar times
Subscribe to:
Post Comments (Atom)
Post a Comment