ရန်ကုန် ဇွန်
၁၁
အာဆီယံ ဒေသ
အတွင်းရှိ နိုင်ငံများ အနက် မြန်မာ နိုင်ငံမှ လုပ်သားများ၏ လုပ်ခ လစာမှာ အခြား နိုင်ငံများထက်
များစွာသက်သာ နေခြင်းကြောင့် မြန်မာ လုပ်သား များကို ပြည်ပသို့ ခေါ်ယူလုပ်ကိုင် စေခြင်းထက်
ပြည်တွင်း၌ လာရောက် မြှုပ်နှံစေရန် တွန်းအားတစ်ရပ် ဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်း
ပညာရှင် များနှင့် လေ့လာသူ များက သုံးသပ်ပြောကြား ခဲ့သည်။
ဂျပန်နိုင်ငံ
ဝန်ကြီးချုပ် ရုံး၏ မူဝါဒ ဆိုင်ရာ အကြံပေး ပုဂ်္ဂိုလ်က ဂျပန် နိုင်ငံ၏ စီးပွားရေး လုပ်ငန်းရှင်များ
အနေဖြင့် ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့၌ လုပ်ခ လစာ
တိုးမြင့် လာသဖြင့် မြန်မာ အလုပ် သမားများ အပေါ် စိတ်ဝင်စားမှု များပြားလာကြောင်း ပြောကြားခဲ့သည်။
ယင်းအပြင် ဂျပန် နိုင်ငံရှိ စီးပွားရေး ဆိုင်ရာ သုတေသန အဖွဲ့ အစည်း များ၏ အစီရင်ခံ
စာများအရ မြန်မာ အလုပ်သမား တစ်ဦး၏ လုပ်ခ လစာသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၁၀၀ နှုန်းသာရှိပြီး
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဗီယက်နမ် နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့တွင် အလုပ်သမား တစ်ဦးချင်း၏
လုပ်ခ လစာထက်ပင် သက်သာ နေသေးကြောင်း အဆိုပါ ပုဂ်္ဂိုလ်က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံရှိ
အလုပ်သမား တစ်ဦး၏ လုပ်ခလစာမှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၆၇၀၄၊ ဗီယက်နမ် နိုင်ငံရှိ
အလုပ်သမား တစ်ဦး၏ လုပ်ခ လစာမှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၂၆၀၂၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ
အလုပ်သမား တစ်ဦး၏ လုပ်ခ လစာမှာ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၄၇၈ ရှိနေကြောင်း သိရသည်။
““ လက်ရှိမှာ
အာဆီယံ ဒေသတွင်း နိုင်ငံများ သာမက အာရှမှာပါ လုပ်ခလစာ အချိုသာဆုံး ဖြစ်တဲ့ မြန်မာလုပ်သား
ဈေးကွက်ကြီးကို ပြည်ပရင်းနှီး မြှုပ်နှံ သူတွေက လက်လွတ် ခံမှာ မဟုတ်ပါဘူး။
မြန်မာ လုပ်သားတွေကို
ဂျပန်လို၊ တောင်ကိုရီးယားလို နိုင်ငံ မျိုးတွေက နောက်ပိုင်းမှာ ခေါ်ယူ လေ့ကျင့်ပြီးတော့
အလုပ်အကိုင် ပေးနေတာထက် ဒီမှာ လာပြီးတော့ အလုပ် အကိုင် အခွင့် အလမ်း ပေးတာဟာ ပိုပြီး
တွက်ခြေကိုက်မယ် ဆိုတာ သိလာတဲ့အတွက် ဂျပန်နဲ့ တောင်ကိုရီးယား ကတော့ အလုံးအရင်းနဲ့ ၀င်လာဖို့
ရှိနေတယ်”” ဟု ဂျပန် နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဒေါက်တာ နေလင်းဦးက
ပြောကြားခဲ့သည်။ မြန်မာလုပ်သား အများအပြား သွားရောက် လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသည်
ပြည်တွင်း၌ လုပ်အားခများ မြင့်တက်လာသည့် ဒဏ်ကို ရင်ဆိုင်နေရ သဖြင့် မြန်မာနိုင်ငံ အတွင်းသို့
လုပ်ငန်းများ ပြောင်းရွှေ့ အခြေစိုက် လုပ်ကိုင်ရန် ပြင်ဆင်မှုများ ရှိနေကြောင်း ထိုင်းနိုင်ငံ
ချူလာလောင်ကွန် တက္ကသိုလ်မှ ဒေါက်တာ ကျော်ငြိမ်းအေးက ပြောကြားခဲ့သည်။
““ ထိုင်းလုပ်ငန်းရှင်တွေ
အထူး သဖြင့်တော့ စားသောက်ကုန်ထုတ် လုပ်ငန်းရှင် အများစုက တော့ မြန်မာနိုင်ငံ နယ်စပ်က
စက်မှုဇုန် တွေမှာ ပြောင်းရွှေ့ အခြေ စိုက်ဖို့ ပြင်ဆင် နေကြတယ်။ သူတို့ရဲ့ အမာခံ လုပ်သားတွေ
ကလည်း မြန်မာရွှေ့ပြောင်း လုပ်သားတွေ ဖြစ်နေတာလည်း ပါတယ်။ နောက်တစ်ချက်က ပြည်တွင်းမှာလည်း
လုပ်အားခ တွေက မြင့်တက်နေတဲ့ အတွက် လုပ်သားပေါပြီး လုပ်အားခ ဈေးချိုတဲ့ မြန်မာနိုင်ငံ
ဘက်ကို ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေ စီးဆင်းသွားမယ့် သဘော ရှိပါတယ်”” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်
နှစ်ဆန်းပိုင်း အထိ မြန်မာ နိုင်ငံ၌ ပြည်ပရင်းနှီး မြှုပ်နှံမှု အများဆုံး နိုင်ငံများတွင်
ဂျပန် နိုင်ငံသည် အဆင့် ၁၁ တွင်ရှိပြီး အမေရိကန် ဒေါ်လာ သန်း ၂၇၀ ဖြင့် လည်းကောင်း၊
ထိုင်းနိုင်ငံသည် ဒုတိယ အများဆုံး ဖြစ်ကာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၆ ဘီလီယံ ရင်းနှီး မြှုပ်နှံထားကြောင်း
သိရသည်။
Written by
ရွှေကူ

Post a Comment