0
မေလ ၃၀ ရက်က ပါကစ္စ တန်အနောက်မြောက်ပိုင်းတာလီ ဘန်တို့အခြေပြုရာနေရာတစ်ခု ကို အမေရိကန်တို့က ဒရုန်းလေ ယာဉ်များဖြင့် တိုက်ခိုက်ခဲ့ရာ တာလီဘန်စစ်သွေးကြွ ၅ ဦး သေဆုံးသည်ဟု အာဏာပိုင်များ က ပြောကြားသည်။ သေဆုံးသူ များထဲတွင် တာလီဘန်တို့၏ ဒုတိယတပ်မှူးကြီး(The second in connand) ၀ါလီအာရီမန်(Wali we Rehman)ပါဝင်သည် ဟု ယူဆရကြောင်း ထည့်သွင်း ပြောကြားသည်။ ရီမန်သည် ]]Tehreek-e-Taleban-Pakistan, TTP)အဖွဲ့၏ ဒုတိယခေါင်း ဆောင်ဖြစ်ပြီး အဆိုပါအဖွဲ့ခေါင်း ဆောင်ဖြစ်သူဟာကင်အူလာမယ် ဆွတ်၏ အရိုက်အရာကို ဆက်ခံ မည့်သူအဖြစ် နာမည်ကြီးနေသူ ဖြစ်သည်။ သို့သော်TTP ပြော
ခွင့်ရပုဂိ္ဂုလ်ကမူ ““ရီမန်သေတယ် ဆိုတာမဟုတ်””ဟု ငြင်းချက်ထုတ် ထားသည်။
ပါကစ္စတန်အာဏာပိုင်များ က အမေရိကန်ဒရုန်းလေယာဉ် တစ်စီးသည် မေလ ၃၀ ရက်က ဒုံးကျည်နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ပြီး နောက် ပါကစ္စတန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အဆိုပါသတင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။ ပါကစ္စ တန်အစိုးရအနေဖြင့် ဒရုန်းလေ ယာဉ်ဖြင့်တိုက်ခိုက်ခြင်းမှာ အရပ် သူ၊ အရပ်သားများကို ထိခိုက်စေ သဖြင့် လူ့အခွင့်အရေးချိုးဖောက် ခြင်းသာမက ပါကစ္စတန်၏ အချုပ်အခြာအာဏာကို ထိပါး ခြင်းလည်းဖြစ်သည်ဟု အမေရိ ကန်တို့အား ဝေဖန်ပြောကြား သည်။ အမေရိကန်က ယခုကဲ့သို့ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှု ကြောင့် ၀န်ကြီးချုပ်သစ်န၀ပ်ရှာ ရစ်ဖ်က တာလီဘန်တို့နှင့် ဆွေး နွေးရန် ကမ်းလှမ်းချက်ကို တာလီ ဘန်တို့က လက်မခံတော့ကြောင်း နှင့် ဆွေးနွေးပွဲများ ဖျက်သိမ်း ကြောင်း တာလီဘန်တို့က ပြော ကြားသည်။
၂၀၀၄ ခုနှစ်ကလည်း တောင်ပိုင်းဝါဇီရစ်္စတန်ပြည်နယ် တွင် အမေရိကန် ဒရုန်းလေယာဉ် များတိုက်ခိုက်မှုကြောင့် တာလီ ဘန်ခေါင်းဆောင် ဘီကျူလာမယ် ဆွတ်သေဆုံးခဲ့ရသဖြင့် ပါကစ္စ တန်တာလီဘန်ဆွေးနွေးပွဲပျက် ခဲ့သည်။


ကျော်စိန်
Ref; allvoices

Post a Comment

 
Top