0
 
ဂျပန်ဝန်ကြီးချုပ် ရှင်ကိုအာ ဘေးသည် မေလ ၃၀ ရက်နေ့က အိန်္ဒိယသို့ ရောက်ရှိပြီး၊ အိန်္ဒိယ၀န် ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ ဆုံဩ၍ ဂျပန်နိုင်ငံ၏ နျူးကလီး ယားစွမ်းအင်သုံး စက်ရုံများအား အိန်္ဒိယတွင် တည်ဆောက်ရေး နည်းပညာများ အကူအညီပေး မည်ဖြစ်ကြောင်းနှင့် လုံခြုံရေးဆိုင် ရာ
ပူးပေါင်းဆောင်ရွက်မှု အရှိန် မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ ဩညှိနှိုင်းဆွေးနွေးခဲ့သည်။ အထူးသ ဖြင့် အရှေ့တရုတ်ပင်လယ်အ တွင်း တရုတ်နိုင်ငံနှင့် အငြင်းပွား ကျွန်းများအရေးနှင့် ပတ်သက်၍ လည်း မျက်ခြည်မပြတ်စောင့် ကြည့်နေကြောင်း ဂျပန်ဝန်ကြီး ချုပ်က ပြောသည်။
နိုင်ငံရေးနှင့် လုံခြုံရေးဆိုင် ရာနယ်ပယ်များအတွင်း အိန်္ဒိယ- ဂျပန် ဆက်ဆံရေး ခိုင်မြဲစေရန် နှင့် အရပ်လက်သုံး နျူးကလီး ယားစွမ်းအင်သုံး စက်ရုံများ တည် ဆောက်ရေးဆိုင်ရာ သဘောတူ စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်ဟု ဆိုသည်။ လောလောဆယ် အိန်္ဒိ ယတွင် ဂျပန်နိုင်ငံ၏ နျူးကလီး ယားစွမ်းအင်သုံး လျှပ်စစ်ပစ္စည်း များထုတ်လုပ်ရေးကုမ်္ပဏီကြီးများ ဖြစ်သည့် တိုရှီဘာကော်ပိုရေးရှင်း နှင့် ဟီတာချီိကုမ္ပဏီများ အခြေ စိုက်ထုတ်လုပ်လျက် ရှိသည်။
အိန်္ဒိယနိုင်ငံသည် အသေး စားစက်မှုလုပ်ငန်းများအတွက် စက်မှုဇုန် ၆ ခုတွင် အသေးစား နျူကလီးယားစွမ်းအင်ထုတ် ဓာတ်ပေါင်းဖို ၂၀ ဖြင့် လျှပ်စစ် စွမ်းအင် ၄၇၈၀ မီဂါဝပ် ထုတ် လုပ်လျက်ရှိရာ နိုင်ငံအတွင်း အ သုံးပြု လျှပ်စစ်စွမ်းအင်၏ ၂ ရာ ခိုင်နှုန်းမျှသာ ရှိသေးကြောင်းနှင့် အိန်္ဒိယနိုင်ငံအနေဖြင့် ၂၀၃၂ ခု နှစ်အရောက်တွင် နျူကလီးယား စွမ်းအင် ၆၃၀၀၀ မီဂါဝပ် ထုတ် လုပ်နိုင်ရန်အတွက် နျူးကလီး ယားစွမ်းအင်ထုတ် စက်ရုံအလုံး ၃၀ ခန့် တည်ဆောက်ရန် လျာ ထားသည်ဟု ဆိုသည်။


ကျော်စိန်
Ref:  Reuters

Post a Comment

 
Top