မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ
ကြီးမှူးပြုလုပ်မည့် ရန်ပုံငွေ ခြေစမ်းပွဲ ကစားရန်အတွက်
မန်ယူကစားသမားဟောင်းများသည် ဇွန်လ (၉) ရက်နေ့ နံနက်ပိုင်းတွင်
ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
နာမည်ကျော်
မန်ယူကစားသမားဟောင်းများ ဖြစ်သည့် အင်ဒီကိုးလ်၊ ဒင်းနစ်အာဝင်၊
ဘလက်မိုးနှင့် လီရှပ်တို့ (၄) ဦးသည် နံနက် (၉) နာရီခွဲတွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ထိုမှတဆင့်
ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမြှော်ခဲ့ကြောင်း သိရသည်။
မန်ယူကစားသမားဟောင်း
(၄) ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးသံတမန်ဖြစ်သူ
နန်းခင်ဇေယျာနှင့် ရုပ်ရှင်သရုပ်ဆောင် ထွန်းထွန်းတို့မှ လာရောက်ကြိုဆို
ခဲ့ကြောင်းလည်း သိရသည်။
ရန်ပုံငွေ
ဘောလုံးပွဲ၏ စာနယ်ဇင်းရှင်းလင်းပွဲကို နေ့လည် (၁) နာရီတွင် သုဝဏကွင်းတွင်
ပြုလုပ်မည်ဖြစ်ပြီး ညနေ (၄) နာရီတွင် မန်ယူကစားသမားဟောင်းများ ပါဝင်မည့်
မြန်မာကစားသမားများ အသင်းနှင့် MNL နိုင်ငံခြားသားများ အသင်းတို့
ရန်ပုံငွေခြေစမ်းပွဲ ကစားကြမည်ဖြစ်ကြောင်း သိရသည်။
ရန်ပုံငွေပွဲ ကစားရန်အတွက် မန်ယူကစားသမားဟောင်းများ ရောက်ရှိ

post by http://elevenmyanmar.com/

Post a Comment