0
၁၉၉၉ ခုနှစ်မှစတင်ကာ ကားဝပ်ရှော့လုပ်ငန်းလုပ်ကိုင်ရန် အတွက် ပန်းဥယျာဉ်နှင့်အားကစား ကွင်းများဌာနမှမြေအား ငှားရမ်း လုပ်ကိုင်ကာ၊ သတ်မှတ်စည်းမျဉ်း အခွန်များအား ထမ်းဆောင်လုပ် ကိုင်လာခဲ့ပါသော်လည်း ပုဂ္ဂလိ ကလုပ်ငန်းရှင်တစ်ဦးမှ လက်ရှိ လုပ်ကိုင်နေသော ကာယကံရှင်၏ ခွင့်ပြုချက်တစ်စုံတစ်ရာမပါဘဲ လက်မှတ်အတုထိုးကာ အမည် ပြောင်းလျှောက်ရာ၌စည်ပင်ပန်း ဥယျာဉ်ဒုလက်ထောက်ဌာနမှူးမှ ပူးပေါင်းပါဝင်သည်ဟုဆိုကာ ကာယကံရှင်မိသားစုမှ မေလ (၂) ရက် ရက်စွဲဖြင့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေထံ တင်ပြခဲ့ ကြောင်း သိရှိရသည်။

““ကျွန်မတို့ ဒီမှာ တရားဝင် လုပ်ကိုင်တာကလည်း ကြာခဲ့ပြီ”” ခုဟာက ကျွန်မအမျိုးသားဦးမင်း လွင်ရဲ့ ခွင့်ပြုချက်မပါဘဲ ဦး အောင်သန်းဆိုတဲ့သူက လက်မှတ် အတုထိုးပြီး နေရာကိုအမည် ပြောင်းလျှောက်တယ်။ အဲဒါကို စည်ပင်ပန်းဥယျာဉ်ဌာန ဒုဌာန မှူးကလည်း ပေါင်းပြီးအမည် ပြောင်းလျှောက်လိုက်တယ်။ ဒါကို ဌာနမှူးကြီးလည်းသိပါ တယ်။ ဒီကိစ္စကို တာဝန်ရှိသူတွေ က ဦးအောင်သန်းရေးထိုးထား တဲ့ ဦးမင်းလွင်ရဲ့ လက်မှတ်ဆို တာကိုစစ်ဆေးတာတို့ ကွင်းဆင်း လေ့ လာစစ်ဆေးမှုတွေ လုပ်တာ တို့ အပြီး မူလပိုင်ရှင်ဖြစ်တဲ့ ကျွန်မ အမျိုးသားကို အမြန်ဆောင်ရွက် ပေးဖို့ ယခင်တွဲဖက်ကြီးက ပြန် စာပို့ပြီးပါပြီ။ ဒါပေမဲ့ ဒီဟာကို စစ်ဆေးပြီးတာတောင် ဆောင် ရွက်ပေးဖို့ ညွှန်ကြားတာတောင် ကျွန်မတို့မိသားစုဝမ်းရေးအတွက် မှီခိုနေရတဲ့ အငှားမြေကို ပန်း ဥယျာဉ်ဌာနက ပြန်မပေးတဲ့အပြင် လုပ်ငန်းလိုင်စင်ကိုလည်း ယာယီ ပိတ်သိမ်းခဲ့တယ်။ ခု ကျွန်မတို့ မိသားစု ဘာနဲ့ဝမ်းရေးဖြေရှင်း ရမလဲဟု ကာယကံရှင်၏ ဇနီးဖြစ် သူဒေါ်အေးအေးမိုးကHot News သို့ ပြောကြားသွားသည်။
အဆိုပါမိသားစုမှ နစ်နာရ သည်ဟုဆိုလာသည့်အတွက် တရားဥပဒေစိုးမိုးရေးကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေမှ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ထံ တင်ပြစာပေးပို့ထားပြီး ယနေ့ ထိ အဆင်ပြေမှုမရှိသေးသည့် အတွက် ဆက်လက်တင်ပြသွား မည်ဟုဆိုသည်။ ၈-၁၀-၂၀၁၂ မှ ၇-၁၁-၂၀၁၂ ထိ စည်ပင်တာဝန် ရှိသူများမှ စိစစ်သူများပြုလုပ်ခြင်း၊ လိုင်စင်သက်တမ်းနှင့် အခွန်အခ များအား ထမ်းဆောင်ခဲ့မှုများ အား စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ ပြီး ယခင်တွဲဖက်အထွေထွေ အတွင်းရေးမှူးမှ တာဝန်မှမလွှဲ ပြောင်းမီ ပန်းဥယျာဉ်ဌာနသို့ ပြန်ကြားစာ (အမှတ်/၄၆၀၁) တွင် အမြန်ဆောင်ရွက်ပေးရန် ပြန်စာပို့ထားပါသော်လည်း ယနေ့တိုင်ထူးခြားမှုမရှိသည့်အပြင် လက်ရှိတွင် လက်မှတ်တုဖြင့် အမည်ပျောက်လျှောက်ထားသော ဦးအောင်သန်းဆိုသူမှ စည်ပင် တာဝန်ရှိသူအချို့နှင့် ကာယကံ ရှင်များမရှိခိုက် လက်ရှိအဆောက် အအုံအား ဖျက်သိမ်းရန်ပင် ကြိုး စားခဲ့သည်ဟု ယင်းမိသားစု၏ တင်ပြစာတွင် ဖော်ပြထားကြောင်း သိရသည်။


ခန့်ခန့်(ဒဿနိက)

Post a Comment

 
Top