မိသားစုအလှူဒါနတစ်ခုကိုအကြောင်း ပြုလျက် ၄.၅.၂၀၁၃ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရွာ သို့ရောက်ရှိသွားရသည်။ ဇင်းကျိုက်တောင် ခြေ၊ ခလောက်အင်းရေတံခွန်အောက်နား ရှိဘုရားတစ်ရာဘုန်းတော်ကြီးကျောင်း၌ အလှူဒါနပြုခြင်းဖြစ်သဖြင့် ၀ိပဿနာ တရားသာကျင့်ကြံအားထုတ်သော ကျောင်းပီပီနံနက်ပိုင်းတွင်ပင် သီလခံယူ ခြင်း၊ တရားထိုင်ခြင်းများပြုလုပ်ကာ ရေစက်ချခြင်းများဆောင်ရွက်ပြီးမှ ဆရာ တော်ကြီးနှင့် တကွသံဃာတော် (၅) ပါး ပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြ ရသည်။ ကိစ္စ၀ိစ္စများပြီးစီး၍ ပစ်္စည်းများ သိမ်းဆည်းနေစဉ်ရွာခံမိတ်ဆွေတစ်ဦးမှ အရေးတကြီးသတိပေးချက်ကြောင့် ဤရွာတွင်မွေး၊ ဤရွာတွင်ကြီးပြင်းပြီး လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကမှ ရန်ကုန်သို့ပြောင်းရွှေ့နေထိုင်ခဲ့သော စာရေးသူအနေနှင့် အထိတ်တလန့်ဖြစ်သွား ရသည်။
“မြန်မြန်သိမ်းဆည်းပြီးပြန်ကြရအောင် မွန်းလွဲချိန်ရောက်တာနဲ့ အကျဉ်းဦးစီးက ရေတံခွန်မှာ မိုင်းခွဲတော့မယ်ဗျ။ မိုင်းခွဲတဲ့ ကျောက်တုံးတွေက ဒီကျောင်းဝင်းထဲထိ ရောက်တာနော်” ဆိုသောရွာခံမိတ်ဆွေ ၏သတိပေးစကားကမမှားပေ။ ဤကျောင်း မှ ဓမ္မာရုံ၊ ဇရပ်သွပ်ခေါင်မိုးများသည် မိုင်း ခွဲရာမှကျောက်ခဲကျပေါက်ပြဲသဖြင့် ဖာထေး ရာဗလပွ။ တရားထိုင်နေရာမှ မိုင်းခွဲမည့် အချက်ပေးခရာသံကြားသည်နှင့် နီးရာ ထမင်းစားခုံများအောက်တံခါးကြားနေရာ များသို့ပြေး၍ ပုန်းရှောင်ကြရသော ရဟန်းနှင့်ယောဂီတို့၏ဒုက္ခကလည်းနှစ် ပေါင်းမနည်းတော့သည်ကိုစာရေးသူ အမှတ်ရလာသည်။
မှန်ပါသည်။ ပေပေါင်း (၃၀၀၀) မြင့် သော ဤဇင်းကျိုက်တောင်တန်းတွင် မွန် ပြည်နယ်၏ကျက်သရေဆောင်ဟုဆိုကြ သော အလွန်လှပတင့်တယ်သည့်သဘာ ၀ရေတံခွန်ကြီးနှစ်ခုရှိပါသည်။ ကျောက် သင်္ဘောရေတံခွန်နှင့် ယခုဖော်ပြသော ခလောက်အင်းရေတံခွန်တို့ဖြစ်သည်။ မိုးရာသီကာလဆိုလျှင် စိမ်းမှောင်မှောင် တောတောင်နောက်ခံနှင့် ဖြူဖွေးလှပစွာ စီးဖြာဆင်းလာသော ရေတံခွန်နှင့် အတူ ကြည်ညိုသပ်္ပာယ်ဖွယ်ရာစေတီများကိုပါ ရန်ကုန်-မော်လမြိုင်လမ်းမီးရထား၊ ကားစီး ခရီးသည်တိုင်းတအံ့တသြနှင့် ရှူမောမဆုံး ရှိခဲ့ကြသည်မှာအမှန်ပင်ဖြစ်သည်။
ယခုစာရေးသူတို့ဒါနပြုရာကျောင်း အနီးတွင်ရှိသော ခလောက်အင်းရေတံခွန် ဆိုသည်မှာ ရေတံခွန်ဘေးကပ်လျက်တွင် ဇင်းကျိုက်ဆံတော်ရှင်စေတီသို့တက်ရောက် ရန် ကျောက်လှေကားထစ်ဖြတ်လမ်းတစ် ကြောင်း ဘိုးစဉ်ဘောင်ဆက်ကပင်ရှိခဲ့ပါ သည်။ ရေတံခွန်၏ခါးလယ်ပိုင်းအဆင့် တွင် မခန်းမခြောက်နှင့် ရာသီသုံးပါးမရွေး အမြဲတန်းကြည်စိမ်းအေးစက်နေသော ကျောက်ရေအိုင်ကြီးတစ်ခုရှိသဖြင့် တောင်တက်တောင်ဆင်းသူများ၊ ဘုရား ဖူးများရေသောက်၊ ရေကူးခြင်းတို့ဖြင့် အမောဖြေသည့်နေရာလည်းဖြစ်ပါသည်။ အဆိုပါကျောက်ရေအိုင်ကြီးဘေးတွင်မှ ကြီးမားလှသောသဘာဝလိပ်သည်းကျောက် အထွတ်ပေါ်၌နှစ်ပေါင်းရာချီမကပင် ကျိုက်ထီးရိုးပုံတူစေတီငယ်တစ်ဆူရှိခဲ့သည် မှာ ယနေ့ထိတိုင်ဖူးတွေ့နေရပါသေးသည်။ ဇင်းကျိုက်ဆံတော်ရှင်စေတီသမိုင်းစာအုပ် (စာ-၇၅) တွင် ကျိုက်ထီးရိုးတောင်၌ သီတင်းသုံးတော်မူသော နောင်တော်တိ ဿဓမ္မရသေ့ကြီးအားရည်မှန်းချက်၏ တည်ထားသောစေတီဖြစ်ကြောင်း ဖော်ပြ ထားသည်ကိုလေ့လာဖတ်ရှုခဲ့ရဖူးပါသည်။
၁၉၈၀ ခုနှစ်ခန့်က တစ်ပါတီအစိုးရ လက်ထက်တွင် အကျဉ်းဦးစီးဌာနကျောက် ထုတ်လုပ်စခန်းများဖွင့်လှစ်ခဲ့ရာတွင် ဤရေတံခွန်အောက်ခြေတောင်ဘက်နား မှ ဇင်းကျိုက်အကျဉ်းဦးစီးစခန်းလည်းအပါ အ၀င်ဖြစ်သည်။ ထိုစဉ်က ၎င်းတို့ မိုင်း ဧရိယာအတွင်း၌သာ မိုင်းခွဲကျောက်ထုတ် လုပ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း တွင် မိုင်းဧရိယာအပြင်ဘက်ဖြစ်သော ခလောက်အင်းရေတံခွန်ကြီးအား စတင် မိုင်းခွဲကျောက်ထုတ်လုပ်လာသည်ကို သတိထားမိကြသည်။ ရေတံခွန်မှကျောက် လွှာအထပ်ထပ်၊ ကျောက်တုံးကြီးအဆင့် ဆင့်တို့ကို မိုင်းခွဲဖြိုချလိုက်ခြင်းကြောင့် မိုးတွင်းအခါတောင်ပေါ်မှဒလကြမ်းစီးဆင်း လာသော တောင်ကျရေအားတားဆီးမနိုင် ဘဲ။ ခလောက်အင်းလူနေရပ်ကွက်နှင့် အဝေး ပြေးကားလမ်းမကြီးပါရေနစ်မြှုပ်ခြင်းဒဏ် ခံစားရလျက်ရှိသည်ကိုနှစ်စဉ်နှစ်တိုင်းကြုံ တွေ့ရလျက်ရှိပါသည်။ ယခုဆိုလျှင် ဇင်းကျိုက်ဆံတော်ရှင်စေတီသို့တက်ရာ ဖြတ်လမ်းလည်းပျက် တောင်တက်တောင် ဆင်းသူများအပန်းဖြေရာ ကျောက်ရေအိုင် ကြီးလည်းမရှိတော့ ရုံသာမကကျိုက်ထီး ရိုးစေတီလေးတ၀ိုက်ကွေ့ဝိုက်၍ မိုင်းခွဲ လိုက်သဖြင့် မကြာမီသမိုင်းဝင်စေတီတော် လေးပါပြိုကျတော့မည့်အန္တရာယ်နှင့် လွန်စွာနီးကပ်လျက်ရှိသည်ကိုတွေ့နေရ သည်။
ဤရေတံခွန်မှလိပ်သည်းကျောက် များသည်ကြေးနီတောင်စီမံကိန်းကဲ့သို့ဘီလျံ နှင့် ချီ၍၀င်ငွေရနိုင်မည်မဟုတ်ပေ။ ဇင်းကျိုက်တောင်တန်းတစ်လျှောက်လုံး ကြိုက်ရာနေရာ၌မိုင်းခွဲလျှင်ပင်လိပ်သည်း ကျောက်များအလွယ်တကူရနိုင်ပါလျက် နှင့် တောတောင်သဘာဝအားပျက်စီးစေ ရုံသာမကသမိုင်းဝင်စေတီနှင့် အနီးအနား မှ သာသနိကအဆောက်အအုံများကိုပါ အန္တရာယ်ပေးလျက်ရှိသောလုပ်ငန်းအား တစ်နေ့နှစ်ကြိမ်မိုင်းခွဲ၍အဘယ်ကြောင့် သဲသဲမဲမဲလုပ်ကိုင်လျက်ရှိသည်ကိုဒေသခံ များနားမလည်တတ်အောင်ပင်ခံစားရလျက် ရှိပါသည်။ အကျဉ်းဦးစီးတာဝန်ရှိသူများ မှာလည်း ပညာတတ်၊ ရာထူးရာခံနှင့် တွေးခေါ်မြော်မြင်တတ်သူများဖြစ်သည့် အပြင်ဗုဒ်္ဓဘာသာအားယုံကြည်ကိုးကွယ် သူများဖြစ်လိမ့်မည်မှာသေချာသည်။ တောတောင်သဘာဝအလှအားမခံစား တတ်သည့်တိုင်ဗုဒ္ဓဘာသာဝင်များပီပီ ဤကဲ့သို့စေတီကျောင်းကန်များအန္တရာယ် ရှိစေမည့်လုပ်ရပ်အားဆက်လက်လုပ်ကိုင် ရန်သင့် မသင့်စဉ်းစားသင့်ပြီးဖြစ်ကြောင်း နှိုးဆော်လိုက်ရပေတော့သည်။
မင်းရွှေသိန်း၊ ဇင်းကျိုက်
Post a Comment