ဓာတ်ပုံကို eveleak မှ ဖော်ပြလိုက်ခြင်း ဖြစ်ပြီး Samsung ရဲ့  တရားဝင်
မိတ်ဆက်ပွဲ ကိုတော့ အောက်တိုဘာလ အတွင်း မှာပဲ ပြုလုပ်သွား မှာ ဖြစ်ပါ တယ်။
ဖုန်းတစ်ခုလုံးကို ကွေးကောက်သွားနိုင်တာ တစ်ခု
ပိုသွားပေမယ့် အတွင်းက Specification များက နိမ့်မသွား ပါဘူး။ Samsung
Galaxy Note 3 က အရည်အသွေးများကိုပဲ အများစု ပြန်လည် မြင်တွေ့ ရမယ်လို့
ဆိုပါတယ်။ အရွယ်အစားကလည်း ၅ လက်မနဲ့ ၆ လက်မကြား ရှိမယ်လို့ ခန့်မှန်းထား
ပါတယ်။ Note 3 လို Pen တော့ မပါလာလောက်ပါဘူး။ ကွေးကောက်နိုင်တဲ့ OLED
မျက်နှာပြင်ဖြစ်ပြီး အရည်အသွေးလည်း ပိုကောင်းလာမှာ ဖြစ်ပါ တယ်။
Samsung
နဲ့ ပြိုင်ဘက်ဖြစ်တဲ့ တစ်နိုင်ငံတည်းထွက် LG က လည်း ကွေးကောက်နိုင်တဲ့
OLED Display များကို ၎င်းတို့ စမတ်ဖုန်းမှာ အသုံးပြုဖို့အတွက် အရေအတွက်
အမြောက်အများ ထုတ်လုပ်နေပါပြီ။ လပိုင်း အတွင်းက LG ကလည်း ရှေ
့ဆင့်နောက်ဆင့် Samsung နဲ့ ယှဉ်ပြိုင်ပွဲထုတ်မှာ ဖြစ်ပါတယ်။ Samsung ရဲ့ 
Curve လုပ်နိုင်တဲ့ စမတ်ဖုန်း ကို Galaxy Round လို့ အမည်ပေးထားပါတယ်။
ဈေးနှုန်းကလည်း
မသေးပါဘူး။ အမေရိကန်ဒေါ်လာ ၉၃၃ သတ်မှတ် ထားပြီး မြန်မာပြည်မှာလည်း ၉
သိန်းခွဲ ဝန်းကျင်လောက် ပေါက်ဈေး ရှိလာနိုင်မယ့် စမတ်ဖုန်းပါ။ ၂၀၁၄ ခုနှစ်
နှစ်ဆန်းပိုင်းမှာ တရားဝင် ရောင်း ချသွားနိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )
Subscribe to:
Post Comments (Atom)

Post a Comment