မြန်မာစာ စနစ်ပါဝင်တဲ့ ဖုန်းမော်ဒယ်တွေ ဖြန့်နေတဲ့ HTC က သူ့ရဲ့ ပစ္စည်းသစ်တခုကို ရန်ကုန်မှာ ဒီကနေ့ မိတ်ဆက် လိုက်ပါတယ်။ရောင်းဈေးက သုံးသိန်းခွဲ ဖြစ်ပါတယ်။
အတိအကျ ပြောရရ ကျပ် ၃၄၉,၀၀၀
အတိအကျ ပြောရရ ကျပ် ၃၄၉,၀၀၀
ဒီဖုန်းကို အဖြူ နဲ့ အနက် အရောင် နှစ်မျိုး ၀ယ်နိုင်ပါတယ် တဲ့။
ဆိုခဲ့သလိုပဲ ဆင်ကတ် ၂ ခု ထည့်သုံးနိုင်တဲ့ဖုန်း ဆိုတော့ ကတ် ၂ ခု ရှိတဲ့သူတွေ သဘောကျပါလိမ့်မယ်။
ကတ် ၂ ခု ပိုင်ဆိုင်မယ့် အစီအစဉ် ရှိသူများလည်း စိတ်ဝင်စားကြမှာပါ။
ကတ် ၂ ခု ပိုင်ဆိုင်မယ့် အစီအစဉ် ရှိသူများလည်း စိတ်ဝင်စားကြမှာပါ။
ဖုန်း ၂ လုံး ကိုင်စရာ မလိုတော့ဘူးပေါ့။
တပြိုင်နက်တည်းမှာတော့ ကတ် ၂ ခုလုံးကနေ စကားပြောလို့ မရပါဘူး။
ဖုန်းလိုင်းတခု သုံးနေတုန်း နောက်ဖုန်းလိုင်းတခုရဲ့ အ၀င်ခေါ်ဆိုမှုကို လက်ခံပေးထားနိုင်ပါတယ် တဲ့။
(ဆိုလိုတာကတော့ … ဖုန်းကတ်တခုသုံးနေ ပြောနေတုန်း တခြားကတ်တခုကို ၀င်လာတဲ့ဖုန်းကလည်း အသံမြည်နေပါလိမ့်မယ်)
“ဒီဖုန်းလေးက မြန်မာနိုင်ငံက အများဆုံး အသုံးပြုတဲ့ CDMA နှင့် GSM SIM
ကဒ် နှစ်ခုစလုံး အသုံးပြုလို့ရတဲ့ ဖုန်းပါ” လို့ HTC Myanmar ရဲ့
အရာရှိတယောက်ဖြစ်တဲ့ ဦးခိုင်စိုးက ပြောပါတယ်။
ဒီဖုန်း ၀ယ်မယ် ဆိုရင် အာမခံ တနှစ်ခွဲ ပေးပါတယ် တဲ့။
ထည့်ထားတဲ့ ကင်မရာလည်း တခြား HTC စမတ်ဖုန်းတွေလိုပဲ အရည်အသွေး ပထမတန်းစားပါပဲ လို့ ဆိုပါတယ်။
မြန်မာပြည်မှာ ဟွာဝေး ဟန်းဆက်တွေ လူသုံးများပါတယ်။ ဆမ်ဆောင်းကိုလည်း သုံးကြပါတယ်။
ဒီဈေးကွက်ကို HTC ၀င်တိုးနေတာ ဖြစ်ပါတယ်။

HTC ရဲ့ ဘော့စ်က Mr. Peter Chou ဖြစ်ပါတယ်။ သူ
မြန်မာပြည်ဖွားဖြစ်တဲ့အကြောင်း ဧရာဝတီမှာ ဖော်ပြခဲ့ပြီးပါပြီ။
http://www.irrawaddy.org/exiles/peter-chou-ceo-of-htc-corp-reveals-he-was-born-in-burma.html
မှာ ဖတ်ရှုနိုင်ပါတယ်။
HTC စမတ်ဖုန်း ဟန်းဆက်တွေမှာ စက်ရုံက ထုတ်ကတည်းက စံမြန်မာ၊ ဇော်ဂျီ၊ မြန်မာသရီးတို့ကို ထည့်ထားတာပါ။
ဒါကို မြန်မာပရိသတ်က နှစ်သက်ပါလိမ့်မယ် လို့ HTC အရာရှိတွေက ဒီမနက် ရန်ကုန်မြို့ ရှင်းလင်းပွဲမှာ ပြောပြပါတယ်။

စမတ်ဖုန်းတွေမှာ ထိတွေ့မျက်နှာပြင် လို့ ခေါ်ကြတဲ့ Touch Screen ရှိတဲ့အတွက် ပွတ်သပ်ပြီး သုံးကြပါတယ်။
ဈေးမသေးပေမယ့် ခေတ်ပေါ်ပစ္စည်းဖြစ်၊ အသစ်အဆန်းလည်းဖြစ်တဲ့ စမတ်ဖုန်းတွေကို မြန်မာပြည်မှာ လူသုံးများနေတာ တွေ့ရပါတယ်။
ဈေးမသေးပေမယ့် ခေတ်ပေါ်ပစ္စည်းဖြစ်၊ အသစ်အဆန်းလည်းဖြစ်တဲ့ စမတ်ဖုန်းတွေကို မြန်မာပြည်မှာ လူသုံးများနေတာ တွေ့ရပါတယ်။
Ref & Credit to : ဧရာဝတီ

Post a Comment