၂၀၁၂ ခုနှစ်အတွက် ပေးအပ်မည့် အကယ်ဒမီရွေးချယ်မှုမှာ ပြီးခဲ့သည့်နှစ်များက ရွေးချယ်မှုထက် ထူးခြားမည်
ဖြစ်ကြောင်း အကဲဖြတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာခင်လေးသိမ့်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။
ယင်းသို့ဖြစ်ရခြင်းမှာ
ယခုနှစ်အကယ်ဒမီရွေးချယ်ရာတွင် အနုပညာရှင်များစွာပါဝင်သည့်အပြင်
အတတ်ပညာရှင်များ သာမက ရုပ်ရှင်ဝေဖန်ရေးသမားများကလည်း
ပါဝင်ရွေးချယ်ကြမည်ဖြစ်ခြင်းကြောင့် အသေး စိတ်ကျစွာ အကဲဖြတ်မှု များ
ပါဝင်လာတော့မည်ဖြစ်သည်။
မြန်မာရုပ်ရှင်ထူးချွန်ဆုစိစစ်အကဲဖြတ်
ရေးအဖွဲ့ဝင် ဒေါ်ခင်လေးသိမ့်(ဇာတ်ညွှန်း) က “ဒုတိယအဖွဲ့ကတော့ ပိုပြီး
တာဝန်ကြီးပါတယ်။ အားလုံးက ဘက်စုံတော်ကြတဲ့အတွက် အမှားအယွင်းမရှိအောင်
ရွေးချယ်အကဲဖြတ်ပေးရမှာပါ။ အခု ဇာတ်ကားခုနစ်ကားကိုပဲ အထပ်ထပ်အခါခါကြည့်ပြီး
စိစစ်ရွေးချယ်နေပါတယ်။ ဒီတစ်ခေါက်က ဘက်စုံ အကဲဖြတ် တဲ့ သူတွေပါလာတာကြောင့်
အသေးစိတ်ကျကျ ကြည့်ရှုကြတဲ့အတွက် ပိုပြီးကောင်းတယ်။ ဇာတ်ကားတွေကလည်း
တင်ပြပုံခြင်းမတူကြဘူး။ ရွေးချယ်ရေးအဖွဲ့မှာလည်း ပရော်ဖက်ရှင်နယ်တွေ
ပါလာကြတော့ ဒီနှစ်အကယ်ဒမီ ထူးချွန်ဆုပေးပွဲက ထူးခြားမှာပါ” ဟု ပြောပြသည်။
၂၀၁၂
ခုနှစ်အတွက် အကယ်ဒမီဒုတိယ အဆင့်ရွေးချယ်ခြင်းကို စက်တင်ဘာ ၃၁ ရက်တွင်
စတင်စိစစ်အကဲဖြတ် လျက်ရှိပြီး ယင်းအကဲဖြတ်အဖွဲ့တွင်
ဦးနှင်းမိုး(ဒါရိုက်တာ)၊ ဦးဇော်ထက်(ဒါရိုက်တာ)၊ ဦးမျိုးဇော်အောင်
(ဒါရိုက်တာ)၊ ဦးဖေမြင့်ဦး(ဓာတ်ပုံ)၊ ဦးဆန်နီတင်(ဓာတ်ပုံ)၊
ဒေါ်ခင်လေးသိမ့်(ဇာတ်ညွှန်း)၊ ဦးချစ်ဦးညို(ဇာတ်ညွှန်း)၊ ဦးဆွေဆက်
(တည်းဖြတ်)၊ ဦးဌေးအောင်(သရုပ်ဆောင်)၊ ဦးစိုးသိမ်းထွဋ်(သရုပ် ဆောင်)၊
ဦးမောင်မောင်လတ် (တေးဂီတ)၊ ဦးလှဆန်းဦး (တေးဂီတ)၊ ဦးအေးမြင့် (အသံ)၊
ဦးကိုမြင့် (သမန်းကျား) (အသံ)၊ ဦးနွမ်ဂျာသိုင်း(စာပေ)၊ ဦးမြတ်ခိုင်
(ရုပ်ရှင်ဝေဖန်ရေး)၊ ဦးဝင်းသူ(ညွှန်ကြားရေးမှူး- စက်မှု) တို့ပါဝင်သည်။
“ကျွန်တော်က
ဂီတပိုင်းကို အကဲဖြတ်ရပါတယ်။ မြန်မာသံစဉ်တစ်ခုတည်းမဟုတ်ဘဲ
ဇာတ်လမ်းနဲ့ကိုက်ညီမယ့် ဂီတသုံးစွဲပုံတွေကို သတ်မှတ်ထားတဲ့စည်းကမ်းနဲ့အညီ
အကဲဖြတ်ပါတယ်။ ဒီကားခုနစ်ကားစလုံးက အဆင်ပြေရင်
တော့ ထပ်ပြီးဖြုတ်မချတော့ပါဘူး။ ဒီလိုအကဲဖြတ်ပြီးရင်တော့ လျှို့ဝှက်မဲပေးကြမှာ ဖြစ်ပါ တယ်” ဟု ဦးမောင်မောင်လတ် (တေးဂီတ) ကဆိုသည်။
၂၀၁၂ ခုနှစ်အကယ်ဒမီအတွက် စာရင်းဝင်ဇာတ်ကားမှာ ၁၇ ကားရှိခဲ့ရာ ပထမအဆင့် ရွေးချယ်မှုမှ ခုနစ်ကားအား
ရွေးချယ်ခဲ့သည်။
ယင်းသို့ရွေးချယ်ထားသည့် ရုပ်ရှင်ဇာတ်ကားများမှာ “လက်ပံ”၊ “ကယန်းအလှ”၊
“တိမ်မင်းသမီးဒဏ္ဍာရီ”၊ “ဥ”၊ “အမုန်းမီးတောက်”၊ “အမွေခံထိုက်သူဖြစ်ပါစေ”
စသောဇာတ်ကားများ ဖြစ်သည်။
မြန်မာရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)
အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် ဖွဲ့စည်းကာပေးအပ်ခဲ့သည်။ ပထမဆုံး အကယ်ဒမီ
ဆုရှင်များမှာ ကျော်ဝင်းနှင့် ကြည်ကြည်ဌေး တို့ဖြစ်ကြသည်။ ထိုစဉ်က အနုပညာ
တင်ဆက်မှုအပေါ်တွင် အလေးထားအကဲဖြတ်ခဲ့သော်လည်း ၁၉၉၅ ခုနှစ်မှစတင်ကာ
ရုပ်ရှင်ထူးချွန်ဆုအား စိစစ်ရာတွင် တော်လှန်ရေး ဇာတ်ကားများ၊
မျိုးချစ်စိတ်ဓာတ်အား အသားပေးဖော်ပြသည့်ဇာတ်ကား များနှင့်
မိဘမေတ္တာဘွဲ့ဇာတ်ကားများမှာ အကယ်ဒမီများစွာ ရရှိလေ့ရှိသော
ဇာတ်ကားများဖြစ်လာခဲ့သည်။
Mizzima Bumrmese
Home
»
အနုပညာရပ်ဝန်း
» ၂၀၁၂ ခုနှစ်အကယ်ဒမီရွေးချယ်မှုမှာ ပြီးခဲ့သည့်နှစ်များထက် ထူးခြားမည်ဟု ဒါရိုက်တာခင်လေးသိမ့်ပြောကြား
Subscribe to:
Post Comments (Atom)

Post a Comment