၂၀၁၃-၁၄ ဘဏ္ဍာငွေ အရနဲ့ အသုံးစာရင်းမှာ အခွန်အကောက် ရငွေတွေ
တိုးတက်လာပေမယ့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကနေ ရတဲ့ဝင်ငွေတွေကတော့
ကျဆင်းလာနေကြောင်း သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ အခွန်စနစ် ပြုပြင်ပြောင်းလဲရေးတွေ
လုပ်နေတဲ့အချိန်ဖြစ်ပြီး အခွန်က ရတဲ့ဝင်ငွေ တိုးတက်လာအောင် ကြိုးပမ်း
ဆောင်ရွက်နေဆဲကာလပဲ ဖြစ်တဲ့အကြောင်း၊ ဒါကြောင့် နိုင်ငံပိုင်
စီးပွားရေးလုပ်ငန်းတွေကနေ အစိုးရကို ပေးဆောင်တဲ့အခွန်နဲ့ ၀င်ငွေတွေဟာ
ဘတ်ဂျက်အတွက် အဓိကနေရာက ပါဝင်နေဆဲ ဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံပိုင်
စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့
လိုနေပြီလို့ ပြောခဲ့ပါတယ်။
အစိုးရအနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့
ငွေကြေးသုံးစွဲနိုင်အောင် ဘတ်ဂျက်ဝင်ငွေ တိုးတက်ရဖို့ လိုတယ်လို့ သမ္မတ က
ပြောခဲ့ပါတယ်။
by ဒီဗွီဘီ
http://feeds.feedburner.com/thithtoolwin/yIWV
Subscribe to:
Post Comments (Atom)

Post a Comment