0
မိုဘိုင်းဖုန်းစနစ်နှင့် Tablet စနစ်နှစ်မျိုးစလုံးအား တွဲဖက်အသုံးပြု လိုသူများအတွက် ဖုန်းစနစ် အသုံးပြုနိုင်မည်ဖြစ်သော တန်ဖိုးနည်း Tablet အမျိုးအစားသစ်တစ်ခု ဈေးကွက်အတွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။


 အဆိုပါ Tablet မှာ U-pad အမျိုးအစား Tablet ဖြစ်ပြီး အရွယ်အစားမှာ ၉.၀ လက်မရှိမည် ဖြစ်ကြောင်းသိရသည်။ Android OS စနစ်အား အသုံးပြုထားပြီး OS Version အနေဖြင့် 4.0.4 ကို ထည့်သွင်းပေးထားကြောင်း သိရသည်။ ဈေးနှုန်းမှာ ကျပ်တစ်သိန်း ဝန်းကျင်တွင်သာရှိမည်ဖြစ်သောကြောင့် ဈေးနှုန်းအနေဖြင့်လည်း သင့်တင့်သောဈေးနှုန်းမျိုးဖြစ်မည် ဖြစ်သည့်အပြင် အသုံးပြုနိုင်မည့် စနစ်ပိုင်းများနှင့် နည်းပညာပိုင်းများတွင် လည်းကောင်းမွန်မည် ဖြစ်ကြောင်း သိရသည်။


ယင်း Tablet တွင် 1GHz CPU ကို ထည့်သွင်းပေးထားပြီး မှတ်ဉာဏ် အနေဖြင့်လည်း 1GB ROM နှင့် 512MB RAM စနစ်များကို ထည့်သွင်းပေးထားသည့်အပြင် မှတ်ဉာဏ်ထပ်တိုး အသုံးပြုနိုင်ရန် အတွက်လည်း SD Card Slot ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ ကင်မရာစနစ်ပိုင်းများ၊ Bluetooth စနစ်၊ WiFi စနစ်များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ GSM မိုဘိုင်းဖုန်းစနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး မိုဘိုင်းဖုန်းအင်တာနက် စနစ်အတွက်လည်း အသုံးပြုနိုင်ကြောင်း သိရသည်။


၎င်း Tablet အား ဝယ်ယူလိုသူများအနေဖြင့် ၄၅၀ မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည်ဖြစ်သည်။


အင်တာနက်ဂျာနယ်

Post a Comment

 
Top