ရုပ်သံမီဒီယာ
ကုမ္ပဏီများတွင် Professional Video Editor အ ဖြစ် ၀င်ရောက်လုပ်ကိုင်လိုသူများ အတွက်
ရည်ရွယ်၍ လက်တွေ့အသုံးချ ဗီဒီယို ရုပ်သံတည်းဖြတ်ထုတ် လုပ်ခြင်း သင်တန်းကို ၂၀၁၃ ခုနှစ်
စက်တင်ဘာလ ၂၇ ရက်တွင် ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင်
နိုင်ငံတကာရုပ်သံ မီဒီယာတွင် လက်တွေ့ အသုံးများသော Adobe Premiere CS4, Adobe After Effects, Adobe Media Encoder, Adobe Sound-booth, Adobe
Encore, Corel Video နှင့် Sony DVD
Architect ဖြင့် ဗီဒီယို ရုပ်သံ တည်းဖြတ်ခြင်း၊ သီချင်းစာသားများ ဖန်တီးခြင်း၊
Video Effects, Audio Effects, Video Transitions များ ထည့်သွင်း ဖန်တီးခြင်း၊
Video Clips, Image Clips များကို သက်ဝင် လှုပ်ရှားမှု ပြု လုပ်ခြင်း၊ သရုပ်ဆောင်များ၏
စကားပြောသံများကို စာသားအဖြစ် တိုက်ရိုက် ထုတ်ပေးခြင်း၊ Composition
Techniques များကို အကျယ်တဝင့် အသုံးပြု ဖန်တီးခြင်း၊
DVD Menu ဒီဇိုင်းများ ပြုလုပ်ခြင်း၊ Exporting to media နှင့် နောက်ဆုံး
disc ထုတ်နိုင်သည် အထိ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သင်တန်း အပ်နှံသူများ
အနေဖြင့် အချိန်မှန်၊ ပျက်ကွက်မရှိ တက်ရောက်နိုင်သူများကို သင်တန်းပြီးဆုံးပါက သင်တန်းကြေး
၂၀ ရာခိုင်နှုန်း Discount ကို ပြန်လည်ပေး အပ်မည် ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက
Promotion ဖုန်း- ၃၈၉၀၃၈၊ ၀၉-၇၃၁၈၄၅၂ သို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။
ဝေဝေ
အင်တာနက်ဂျာနယ်

Post a Comment