လက်ရှိမှာ အသုံးပြုနေကြတဲ့
Windows 8ရဲ့ Next-genဖြစ်တဲ့ Windows 8.1ကို Microsoftက ဒေါ်လာ ၁၂၀နဲ့ တရား၀င် ရောင်းချသွားမယ်လို့
သိရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာသာ Windowsတွေ၊ Softwareတွေကို အလွယ်တကူ
CDတွေ၀ယ်ယူလို့ ရပေမယ့် ဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံကြီးတွေမှာတော့ ပိုက်ဆံပေး သုံးစွဲနေကြရတာ
ဖြစ်ပါတယ်။ Windows 8.1ကို ဒေါ်လာ တစ်ရာ့နှစ်ဆယ် သတ်မှတ်ထားပေမယ့် လက်ရှိ Windows
8 Userတွေကိုတော့ Free Upgradeလုပ်ခွင့် ပေးထားပါတယ်။
Windows 8.1သာမက
Windows 8.1 Proဆိုတာလည်း ရှိပါသေးတယ်။ အဆိုပါ Windows 8.1 Proကို ၀ယ်ယူသုံးစွဲမယ်
ဆိုရင်တော့ ဒေါ်လာ ၂၀၀ခန့် ကျသင့်မှာပါ။ ဒါမှမဟုတ် Windows 8.1ကနေ Proကို တက်ပြီး သုံးချင်ရင်တော့
ဒေါ်လာ တစ်ရာခန့် ထပ်ဆောင်း ပေးရမှာဖြစ်ပါတယ်။ ဒေါ်လာ ၁၂၀တန်တဲ့ Windows 8.1ဟာ အခြား
Windowsဗားရှင်း အဟောင်းတွေ ထည့်သွင်းထားစရာ မလိုဘဲ တန်းပြီးတော့ Installလုပ်ကာ သုံးနိုင်မယ်လို့
သိရပါတယ်။
Microsoftရဲ့ ပြောကြားချက်အရ
၎င်းတို့ရဲ့ Windows 8.1ကို လာမယ့် အောက်တိုဘာ ၁၈ရက်နေ့၊ နယူးဇီလန်နိုင်ငံမှာ ပွဲထုတ်သွားမှာ
ဖြစ်ကြောင်း သိရပါတယ်။ Windows 8.1မှာ တိုးတက်မှုတွေ များစွာ ပါ၀င်လာပါတယ်။
Featureအသစ်တွေ ထည့်သွင်းပေးထားရုံမက Windows 8မှာ မပါ၀င်ခဲ့တဲ့ Start Buttonကိုလည်း
ဖန်တီးပေးထားပါတယ်။ Microsoftက ဖြန့်ချိမယ့် နေ့ရက်ကို မစောင့်နိုင်တဲ့ လူတွေအတွက်တော့
ဒီနေရာမှာ Windows 8.1ကို Previewလေ့လာ လို့ရပါတယ်ခင်ဗျာ။
Ref-Myanmar ICT

Post a Comment