မြန်မာနိုင်ငံရှိ
အစိုးရ၀န်ကြီး ဌာနများတွင် e-governmentစနစ် အကောင်အထည်ဖော်ရာ၌ လုံခြုံမှုရှိသည့် အဆင့်မြင့်
နည်းပညာများ အသုံးပြုနိုင်ရန် မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ ကူညီပေးသွားမည်ဖြစ်ကြောင်း
Microsoft Asiaမှ Chief Security Officer & Advisor Mr. Pierre Noelက ပြောသည်။
၀န်ကြီးဌာနများတွင်
မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ဖန်တီးထုတ်လုပ်ထားသည့် ဆော့ဖ်၀ဲလ်ထုတ်ကုန်များကို အသုံးပြုနိုင်ရန်
မကြာမီကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဟု သိရသည်။ “Microsoft အနေနဲ့က အစိုးရဌာနတွေကို
ဆော့ဖ်၀ဲလ်ပိုင်း သုံးနိုင်ဖို့ ဆောင်ရွက်ပေးနိုင်တယ်။ သုံးနေတဲ့ ဌာနတွေလည်း ရှိပါတယ်။
ဒါပေမယ့် လုံခြုံရေးပိုင်းကို အားကောင်းအောင် ၀န်ကြီးဌာနတွေကို ကူညီဆောင်ရွက်ပေးဖို့
ရှိတယ်။ ၀န်ကြီးဌာနတွေမှာ လူအများသုံးမှာ ဖြစ်တဲ့အတွက် နှုန်းကအစ ကွာခြားမှုလျော့သွားမှာပါ”ဟု
Mr. Pierre Noelက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌
စတင်အကောင်အထည် ဖော်ဆောင်ရွက်နေသည့် e-government စနစ် ဆောင်ရွက်ရာတွင်လည်း မိုက်ခရိုဆော့ဖ်မှ
လုံခြုံရေးပိုင်းကို ဦးစားပေးကာ ကူညီဆောင်ရွက် ပေးသွားမည်ဟု ဆိုသည်။
“ဖွံဖြိုးတိုးတက်နေတဲ့
နိုင်ငံတွေမှာ e-government စနစ်ကို အကောင်အထည် ဖော်ကြတယ်။ မြန်မာနိုင်ငံမှာလည်း လုပ်မှာဖြစ်တဲ့အတွက်
လိုအပ်တဲ့ လုံခြုံရေးပိုင်းမှာ မိုက်ခရိုဆော့ဖ်က ကူညီပေးဖို့ အသင့်ရှိပါတယ်”ဟု ယင်းက
ဆက်လက်ပြောသည်။ လက်ရှိတွင် မိုက်ကရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် ဆော့၀ဲလ်များကို
အသုံးပြုခြင်းများ ရှိနေသော်လည်း လိုင်စင်ဖြင့် တရား၀င် သုံးစွဲသူ အလွန်နည်းပါးနေသေးကြောင်း
သိရသည်။ ယင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းမှ တာ၀န်ရှိသူ ဒေါ်ချောခင်ခင်က
“၀န်ကြီးဌာနတွေမှာ နည်းပညာမြင့်တွေ သုံးနိုင်အောင် ဆောင်ရွက်ပေးမယ်ဆိုတော့ ကောင်းပါတယ်။
မကြာမီမှာ မိုက်ခရိုဆော့ဖ်ကနေ
မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။
သူတို့က လိုင်စင်နဲ့လည်း သုံးစေချင်တယ်။ လိုင်စင်နဲ့ဆိုရင် အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ။
နိုင်ငံတကာမှာဆိုရင်တော့ မူပိုင်ခွင့်က တအားအရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ဒီကိစ္စနဲ့
ပတ်သက်ပြီး သိပ်ခေတ်မစားသေးလို့သာ ဘာမှမဖြစ်သေးတာပါ”ဟု ပြောသည်။
Ref-Myanmar ICT

Post a Comment