စစ်အစိုးရ လက်ထက်တွင်
နျူကလီးယား လက်နက်များ တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်ဟု ယူဆရသော သံသယများကို ရှင်းလင်းနိုင်ရန်အတွက်
မြန်မာနိုင်ငံတွင် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်နိုင်မည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်ဟု
ကုလသမဂ္ဂ အဏုမြူ အေဂျင်စီက တနင်္လာနေ့တွင် ပြောကြားကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်အရ
သိရသည်။ စစ်တပ် နှစ်ပေါင်းများစွာ အုပ်ချူပ်ခဲ့သော မြန်မာနိုင်ငံတွင် ယခင် စစ်အစိုးရလက်ထက်၌
မြောက်ကိုရီးယားနှင့် ပူးပေါင်း၍ နျူကလီးယား လက်နက်များ တည်ဆောက်ရန် ကြိုးပမ်းခဲ့သည်ဟူသော
စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ဖူးသည်။
ယခု သဘောတူညီချက်အရ
နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)မှ စစ်ဆေးရေး အရာရှိများသည် မြန်မာနိုင်ငံရှိ
နျူကလီးယား ထုတ်လုပ်ရန် ကြိုးစားနေသည်ဟု ယူဆရသော စက်ရုံများအပေါ် စစ်ဆေးကြည့်ရှုခွင့်
ရမည်ဖြစ်သည်။ အဆိုပါ သဘောတူညီချက်ကို ဗီယင်နာမြို့ရှိ IAEA ရုံးချူပ်တွင် IAEA အကြီးအကဲ
Yukiya Amanoနှင့် မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦး၀ဏ္ဏမောင်လွင်တို့ အင်္ဂါနေ့တွင်
လက်မှတ် ရေးထိုးကြမည် ဖြစ်သည်။
လက်ရှိ နိုင်ငံတော်
သမ္မတဦးသိန်းစိန် အစိုးရသည် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု သုံးကြိမ်လုပ်ခဲ့ဖူးသည့်
မြောက်ကိုရီးယားထံမှ နျူကလီးယားလက်နက် နည်းပညာ အကူအညီများ ပိုင်ဆိုင်နိုင်ရေး ကြိုးပမ်းနေသည်ဟူသော
စွပ်စွဲချက်မှန်သမျှကို ငြင်းဆိုထားသည်ဟု သိရပါသည်။
http://ict.com.mm/news

Post a Comment