လမ်းမကြီး
၂၆ ခုပေါ်တွင် ခရီးသည် တင်ယာဉ်များ ခေတ္တခဏ ရပ်နားခြင်းမှအပ မည်သည့်ယာဉ်မျှ ရပ်နားခြင်းမပြုရန်
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှနှိုးဆော်ထားသည်။
ပြည်လမ်းတစ်လျှောက်
ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊
ဗညားဒလလမ်းတို့ ပါဝင်သည်။ ၎င်းအပြင် သုဓမ္မာလမ်း၊ အရှေ့/အနောက်
ရွှေဂုံတိုင်လမ်း၊သမိန်ဗရမ်းလမ်း၊
ဝေဇယန္တာလမ်း၊ ကန်တော်ကြီး ပတ်လမ်းတို့တွင်လည်း ခရီးသည်တင်ယာဉ် ခေတ္တခဏ ရပ်နားခြင်းမှအပ
မည်သည့်ယာဉ်မှ ရပ်နားခြင်းမပြုရန် နှိုးဆော်ထားသည်။ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းဓမ္မလမ်း၊
ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းယားလမ်း၊ ဓမ္မစေတီလမ်း၊
ဗားကရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့်
အောက်ပုဇွန်တောင်လမ်းတို့
ပါဝင်သည်။
၎င်းလမ်းများပေါ်တွင်
မှတ်တိုင်များ၌ ရပ်၊ ချ၊ တင်၊ ထွက်စနစ်ကို ကျင့်သုံးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ခရီးသည်တင်
ယာဉ်လိုင်းအချို့မှာ မိမိတို့ယာဉ်များကို လမ်းမပေါ်တွင် ညအိပ်ရပ်နားသည့် အတွက် ယာဉ်မတော်တဆမှုများ၊
ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည့်အတွက်
နီးစပ်ရာ ယာဉ်ရပ်နားစခန်းတွင် ညအိပ်ရပ်နားစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန်
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ အသိပေးထားခြင်း
ဖြစ်သည်။
ရန်ကုန်မြို့တော်အတွင်း
မော်တော်ယာဉ်များ တစ်နေ့ထက်တစ်နေ့ တိုးတက်များပြားလာ၍ ၆ လမ်းသွားလမ်းမကြီးများ အပါအဝင်
အဓိက လမ်းမကြီးများအပေါ်၌ ယာဉ်များစည်းကမ်းမဲ့ ရပ်နားကြသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ
ဖြစ်ပေါ်လျက်ရှိပြီး ယာဉ်မတော်တဆမှုများလည်း တိုးတက်များပြားလာကြောင်း တွေ့ရှိရသည်ဟု
သတိပေးနှိုးဆော်ချက်တွင် ဖော်ပြထားသည်။ ထိုသို့ အဓိကလမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့
ယာဉ်ရပ်နားခြင်း မရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
Ref-Internet Journal

Post a Comment