0
Apple မှ Apple TV ဗားရှင်းသစ်ကို ဖန်တီးထုတ်လုပ်လျက်ရှိပြီး ၎င်းကို အောက်တိုဘာလတွင် စတင်ရောင်းချနိုင်ဖွယ် ရှိကြောင်း MG Siegler ၏ အဆိုအရ သိရသည်။



Siegler က Apple TV ကို iPad ဗားရှင်းသစ်များနှင့် အတူလာမည့် အောက်တိုဘာလတွင် မိတ်ဆက်ဖြန့်ချိနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့သည်။ Apple ကုမ္ပဏီအနေဖြင့် full-fledged TV set နှင့် set-top-box ကိုလည်း ထုတ်လုပ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထို့ ပြင် အနာဂတ် တီဗွီဆက်စပ် ထုတ်ကုန်များအတွက် Xbox Kinect နှင့်ဆင်တူသည့် motion sensor ကိုလည်း စမ်းသပ်နေကြောင်းနှင့် Apple အနေဖြင့် motion-controlled TV များကိုလည်း ထုတ်လုပ်ဖြန့်ချိရန် စီစဉ်နေကြောင်း သိရသည်။ ယခုနှစ်ကုန်ပိုင်းတွင် Apple မှ 4K display များနှင့် တွဲဖက်အသုံးပြုနိုင်မည့် Mac Pro ဗားရှင်းသစ်ကို ဖြန့်ချိမည် ဖြစ်ပြီး Apple TV ကိုလည်း 4K display ဖြင့် ထုတ်လုပ်လိမ့်မည် ဖြစ်ကြောင်း ဈေးကွက်အတွင်း၌ ပြောဆိုလျက်ရှိသည်။



4K တီဗွီများအတွက် အစီအစဉ် နည်းပါးသေးသော်လည်း Apple ကမူအခြား မီဒီယာဟာ့ဒ်ဝဲ ကုမ္ပဏီများထက်ဦးစွာ ၎င်း၏ကိုယ်ပိုင် ထုတ်ကုန်ကို ထုတ်လုပ်လိမ့်မည်ဖြစ်သည်။ Apple TV ထုတ်ကုန်အပြင် iTunes Radio ကဲ့သို့သော ဧည့်ခန်းသုံးဆော့ဖ်ဝဲ feature သစ်များကိုလည်း မကြာမီအချိန်အတွင်း မိတ်ဆက်ပေးမည် ဖြစ်ကြောင်းသိရသည်။

-ဟေမာ
Ref: 9to5Mac

http://www.myanmarinternetjournal.com

Post a Comment

 
Top