စက်မှု၀န်ကြီးဌာနပိုင်
၀င်းသူဇာအရောင်းဆိုင်များအား ပုဂ္ဂလိသို့ လွှဲပြောင်းနိုင်ရေးအတွက် ပဏာမအိတ်ပိတ်တင်ဒါ
အောင်မြင်သူများစာရင်းကို နေပြည်တော်ရှိ စက်မှု၀န်ကြီးဌာန အစည်းအေ၀း ခန်းမ၌ စက်တင်ဘာ
၁၇ရက် နံနက် ၁၀နာရီက ပြုလုပ်သည်ဟု သိရသည်။ စက်မှု၀န်ကြီး ဌာနအောက်ရှိ စက်မှုညွန်ကြားရေးမှူး
ဦးစီးဌာန၊ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ စက္ကူနှင့် အိမ်သုံးပစ္စည်း
လုပ်ငန်းတို့၏ ကြီးကြပ်မှုအောက်တွင် တည်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ
၀င်းသူဇာအရောင်းဆိုင် ၃၈ဆိုင်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ပြောင်းလဲငှားရမ်း
လုပ်ကိုင်နိုင်ရေးအတွက် တင်ဒါခေါ်ယူ၍ ပဏာမအောင်မြင်သူ စာရင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း
စက်မှုဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။
တင်ဒါအောင်မြင်သူများ
စာရင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ၀င်းသူဇာ အရောင်းဆိုင်အား တင်ဒါတင်သွင်းသူ
ဦးနေရွေသွေးအောင်က ၄င်းဆိုင်တွင် Super Market ဖွင့်လှစ်နိုင်ရန်အတွက် တစ်လလျှင် ငွေကျပ်
၅၅၀၀၀၀၀ဖြင့် အများဆုံး ပေးခဲ့သည့်အတွက် တင်ဒါပဏာမ အောင်မြင်ကြောင်း၊ ၄င်းအခမ်းအနားတွင်
ကြေညာခဲ့သည်။
တင်ဒါပဏာမ အောင်မြင်သူများ
လုပ်ကိုင်မည့်လုပ်ငန်းများတွင် စတိုးဆိုင်၊ City Mart, Mini Mart, Super Market,
Show Room, စက်သုံးဆီနှင့် ကုန်ပစ္စည်းအရောင်းဆိုင်၊ ဆောက်လုပ်ရေး၊ အထည်ဆိုင်၊ တည်းခိုခန်းစသည့်
လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုထားပြီး တင်ဒါအောင်မြင်သူများ အနေဖြင့် ယင်းဆိုင်များတွင်
အရက်ဆိုင်၊ ဘီယာဆိုင်၊ ကာရာအိုကေနှင့် ခွင့်မပြုထားသော ဆိုင်များကို ခွင့်ပြုချက်ပေးမည်
မဟုတ်ပဲ တင်ဒါအောင်မြင်သူ လုပ်ငန်းရှင်များကို တစ်နှစ်လျှင် တစ်ကြိမ် စာချူပ်ချူပ်ဆိုရမည်ဖြစ်ပြီး
ဆိုင်တစ်ဆိုင်အတွက် ၁၀နှစ်အထိ ငှားပေးမည်ဖြစ်ကာ စာချူပ်ချူပ်ဆိုရာတွင် ကြိုတင်လစာ သုံးလစာကို
ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် တင်ဒါပဏာမ အောင်မြင်သူများစာရင်း၊ ထုတ်ပြန်ပွဲသို့ ပြည်တွင်းရှိ
လုပ်ငန်းရှင် ၃၀၀ကျော် တက်ရောက်ကြပြီး လုပ်ငန်းရှင်များထဲမှ တင်ဒါဈေးအမြင့်ဆုံး ပေးသူနှင့်
တင်ဒါဈေး ဒုတိယအများဆုံးပေးသူ၊ တတိယ အများဆုံးပေးသူတို့ကို စာရင်းယူထားပြီး ကျန်ရှိသော
လုပ်ငန်းရှင်များကို တင်ဒါသွင်း ငွေချက်လက်မှတ်များ ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။
ပြည်တွင်းရှိ စက်မှု၀န်ကြီးဌာနပိုင်
၀င်းသူဇာ အရောင်းဆိုင်များ ပုဂ္ဂလိကသို့ လွှဲပြောင်းနိုင်ရေး တင်ဒါခေါ်ယူရာ၌ တိုင်းဒေသကြီးနှင့်
ပြည်နယ် အသီးသီးတွင် ၀င်းသူဇာအရောင်းဆိုင် စုစုပေါင်း ၇၈ဆိုင်ရှိသည့်အနက် ၃၈ဆိုင်ကို
ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းနိုင်ရေးအတွက် တင်ဒါ ခေါ်ယူခြင်းဖြစ်ကြောင်း
သိရသည်။
Ref-Myanmar ICT

Post a Comment