မလေးရောက် မြန်မာများကို ဖုန်း ဆက်သွယ်လိုပါက ယခုလကုန် အထိ အခမဲ့ ခေါ်ဆိုခွင့်ပေးမည်ဟု VMG TELECOMS ကုမ္ပဏီမှ သိရသည်။
အခမဲ့
ဖုန်းခေါ်ဆိုခွင့်ကို Y-Talk Calling Center များမှ တစ်ဆင့်ဆောင်
ရွက်ပေးသွားမည်ဖြစ်ပြီး မည်သူမဆို မလေးရှား မှ မြန်မာများအား နေ့စဉ် နံနက် ၉
နာရီမှ ည ၁ဝ နာရီအထိ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။
''အကြောင်းအမျိုးမျိုးကြောင့်
မလေးမှာ ရှိတဲ့မြန်မာတွေ သူတို့ မိသား စုနဲ့ ဖုန်းပြောဆိုနိုင်ဖို့အတွက်
အလှူ သဘောမျိုးနဲ့ ကူညီပေးတာပါ။ ဒီအစီ အစဉ်က လုပ်ပေးတာ ၃ ရက်လောက်ပဲ
ရှိပါသေးတယ်''ဟု VMG TELECOMS မှ မဖြိုးမီမီရှိန်က ပြောသည်။
အခမဲ့
ဖုန်းခေါ်ဆိုနိုင်မည့်နေရာ များမှာ ဗဟန်းမြို့နယ်ရေတာ ရှည်လမ်း သစ်ရှိ
Y-Talk Calling Center နှင့် ကျောက်မြောင်း သတိပဌာန်လမ်းရှိ Y-Talk Calling
Center တို့ ဖြစ်သည်။
''ဖုန်း ခေါ်ဆိုဖို့အတွက် ဆိုင်က ဝန်ထမ်းတွေ
ဆောင်ရွက်ပေးမှာပါ။ ဆိုင် တစ်ဆိုင်မှာဖုန်း ၁ဝ လုံး အခန်း ၁ဝ ခန်း
ထားပေးထား တယ်။ နှစ်ဆိုင်ပေါင်း အလုံး ၂ဝ ရှိပါတယ်။ ကြိုက်သလောက်
ဖုန်းပြောနိုင်ပါတယ်'' ဟု ၄င်းက ဆက် ပြောသည်။
Y-Talk စနစ်တွင် ပုံမှန်ကောက် ခံသည့် နိုင်ငံခြားခေါ်ဆိုခမှာ မလေးရှား နိုင်ငံဆိုလျှင် တစ်မိနစ် ၅၁ ကျပ် ကောက် ခံကြောင်း သိရသည်။
VMG
TELCOMS Y-Talk ဖုန်းခေါ်ဆိုသည့် စနစ်ကို မြန်မာ့ဆက် သွယ်ရေးနှင့်
ရတနာပုံတယ်လီပို့ ကုမ္ပ ဏီတို့ ပူးပေါင်းဝန်ဆောင် မှု ပေးခြင်း ဖြစ်ပြီး
လက်ရှိတွင် Y-Talk စနစ်ကို ရတနာပုံတယ်လီပို့ ဝက်ဘ်ပို့တယ်နှင့်
မိုဘိုင်းဖုန်း၊ ကိုယ်ပိုင်ကွန်ပျူတာများ တွင် ငွေဖြည့်ကတ်ဝယ်၍
အသုံးပြုနိုင်ကြောင်း သိရသည်။
မူရင်းလင့်
Subscribe to:
Post Comments (Atom)
Post a Comment